၁၅နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားဖြစ်တဲ့ Time 100 ပျော်ပွဲရွှင်ပွဲဟာဆိုရင် Time မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်မှာ လူတွေကိုစိုးမိုးနိုင်ဆုံး အယောက် ၁၀၀စာရင်းထဲက အနုပညာရှင်တွေ တက်ရောက်တက်ပွဲပဲဖြစ်ပါတယ်။ အဲ့ပွဲကိုတော့ နယူးယောက်မြို့ လင်ကွန်းစင်တာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲကိုတက်ရောက်လာတဲ့ မိန်းမချောလေး ၃ယောက်ရဲ့ ဖက်ရှင်စတိုင်ကတော့ တကယ့်ကို လှပဖက်ရှင်ကျခဲ့ပါတယ်။ 

သူတို့၃ယောက်ကတော့ Taylor Swift, Brie Larson နဲ့ Emilia Clarke တို့ပဲဖြစ်ပါတယ်။ သူတို၃ယောက်ရဲ့ ဖက်ရှင်ပုံရိပ်တွေကိုလဲ မျှဝေပေးထားပါတယ်။ Taylor Swift ဟာဆိုရင်တော့ ပရိသတ်တွေရဲ့ POP မင်းသမီးလေးလိုတောင်ပြောရမလားပါပဲ...ချစ်ဖို့ကောင်းနေခဲ့ပါတယ်။ သူမရဲ့ဖက်ရှင်ကတော့ ပရိသတ်ကြီးတွေ့တဲ့အတိုင်းပါပဲ ဘာမှဆန်းဆန်းပြားပြားတွေမပါခဲ့ပဲ ရိုးရိုးလေးရှိခဲ့ပါတယ်။ 

Emilia ကတော့ Marvel ရဲ့ Hero တစ်ယောက်ဖြစ်တဲ့ Captain Marvel ပဲဖြစ်ပါတယ်။ သူမတက်ရောက်လာတဲ့ဖက်ရှင်ကတော့ အစိမ်းရောင် ဂါဝန်ကိုမှ လက်ထည့်လို့ရအောင် အိတ်ကပ်ပါပါတယ်။ တကယ်ကို ရိုးရိုးနွဲှ ဆန်းသစ်တဲ့ ဒီဇိုင်းပါပဲ။ အဲ့ပွဲကို တခြားသော အနုပညာရှင်တွေအပြင် တခြားသော နယ်ပယ်မှ အနုပညာရှင်တွေလဲ တက်ရောက်လာခဲ့ပါတယ်။ သူတို့တွေတက်ရောက်လာခဲ့တဲ့ ဖက်ရှင်ပုံစံတွေကိုလဲ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။