အင်္ဂါနေ့တုန်းကဆိုရင် Avenger တစ်ဖွဲ့သားလုံးအပြင် ရုပ်ရှင်ပြုလုပ်သူတွေဟာ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ အဲ့ပွဲမှာဆိုရင် Infinity ကားထဲမှာ ပြာကျပြီး သေသွားကြတဲ့ Hero သရုပ်ဆောင်တွေလဲ ပါဝင်ခဲ့ကြပါတယ်။ ခုမကြာခင်မှာရုံတင်ပြသတော့မဲ့ Endgame ဟာဆိုရင်လဲ ပရိသတ်ကြီးအနေနဲ့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ထင်ပါတယ်။ ဆိုးတာက ခုတလော onlie မှာများစွာသော Spoil တွေထွက်ရှိလို့နေပါတယ်။ 

အဲ့လိုတွေထွက်ရှိနေတာမို့ တကယ့်ရုပ်ရှင်ရဲ့အရသာကို အတိအကျ ခံစားမဲ့သူတွေအတွက် တကယ့်ကို အခတ်တွေစေမှာဖြစ်ပါတယ်။ Spoil Video တွေကိုလဲ ပရိသတ်ကြီးတွေ့ရှိမှာဖြစ်ပါတယ်။ အဲ့ကားကိုရိုက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာဆိုရင်လဲ ခုလိုမျိုး Spoil တွေမထွက်ဖို့အတွက် ပြောပြခဲ့ပါတယ်။ Avenger တစ်ယောက်ဖြစ်တဲ့ Hulk မင်းသားဟာဆိုရင်လဲ Spoil တွေကိုပြောပြခဲ့ပါတယ်။ 

ဒါပေမဲ့ သူကိုယ်တိုင်ပဲ အဲ့ Spoilတွေဟာ တကယ်တော့ အတုတွေပါပဲဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။ ဘယ်သူတစ်ယောက်မှ ကားနဲ့ပတ်သတ်ပြီး ဘာ Spoli မှမပေးခဲ့ပါဘူး။ Black Panther ဆိုရင် Spoilတောင်းလို့ ဒဲ့ငြင်းခဲ့တာကိုလဲ ပရိသတ်ကြီးသိရှိမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါကားဟာဆိုရင် ၂၆ရက် သောကြာနေ့မှ ရုံတင်ပြသတော့မှာပဲဖြစ်ကာ ပရိသတ်ကြီးလဲ အနည်းငယ်လောက် သည်းခံကာ သူတို့တွေတက်ရောက်ခဲ့တဲ့ပုံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Marvel Studios

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။