ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုမြတ်နိုးဦးကို သိကြမယ်ထင်ပါတယ်နော်...။ သရုပ်ဆောင်ပိုင်နိုင်ပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာရရှိလာတာဖြစ်ပါတယ်...။ သူမဟာဆိုရင် ရိုးသားပွင့်လင်းသူဖြစ်ပြီး စိတ်သဘောထား ကောင်းမွန်တဲ့သူဖြစ်တာမလို့ တတိုင်းပြည်လုံးရှိပရိသတ်တွေက တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်....။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်...။ ရုပ်ရှင်ဇာတ်ကားသစ်တွေကိုလည်း ဆက်လက်ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားအမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးကြည့်ရှုခံစားရအောင် အမြဲလိုလိုထုတ်ဖော် တင်ဆက်ပြသပေးနေတာဖြစ်ပါတယ်နော်...။

"ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ အဖွဲ့ကို ကျော်ကျော်၊ ညီထွဋ်ခေါင်တို့နဲ့ ဖွဲ့စည်းထားပြီး အကျင့်တူ၊ ဝါသနာတူသူငယ်ချင်းတွေ ပေါင်းထားကြတာဖြစ်ပါတယ်...။ အတူသွား၊ အတူလာ ရှိကြပြီး ရယ်စရာ ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်ကြီးရှုစားကြရအောင် ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ သူတို့ပရိသတ်တွေကို လေးစားသမှုနဲ့ ဖုန်းဘေ တွေမဲဖောက် ပေးခဲ့တာကိုလည်း မြင်တွေ့ကြရမှာပါနော်...။ ဆုမြတ်နိုးဦးဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် လှုပ်ရှားမှုအမျိုးမျိုးကို တင်ဆက်ပေးလေ့ရှိသလို အခုတစ်ခါမှာဆိုရင်လည်း "သနပ်ခါးလေးလိမ်း အပြင်ထွက် .. ရာသီဥတုပူတော့ ရေများများသောက်နော် .. မမစိတ်ပူတယ်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်..။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။