မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိတာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟဆဲဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်းဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ကို ကြိုးဝိုင်းအတွင်းမှာပဲ သဘောတူခဲ့တာပဲ ဖြစ်ပါတယ် ။ အောင်လအန်ဆန်းရဲ့ ပြိုင်ပွဲတိုင်းကို ပြည်တွင်းပြည်ပပရိသတ်များစွာစောင့်ကြည့်လျှက်ရှိပြီး One Championship ပြိုင်ပွဲကြီးရဲ့ အဓိကချန်ပီယံကြီးတစ်ဦးလည်းဖြစ်ပါတယ်။  

အဆိုပါ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ပွဲမှာ အသင်းသားတွေဝတ်ဆင်လာတဲ့ အောင်လအန်ဆန်းရုပ်ပုံပါ အင်္ကျီလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပြီး အောင်လအန်ဆန်းကိုတိုင်ကလည်း ပြန်လည်ပြောပြထားတာတွေ့ရပါတယ်။ ဒီကနေ့ အောင်လအန်ဆန်းကတော့ သူ့ရဲ့ ရုပ်ပုံပါ အင်္ကျီလေးတွေကို သြစတေးလျချန်ပီယံ၊ ထီရယ်ထန်ရဲ့ သားနှစ်ဦးနဲ့အတူ သူငယ်ချင်းတွေရဲ့ ဝတ်ဆင်ထားမှုပုံရိပ်လေးတွေနဲ့အတူ ရရှိနိုင်ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ 

အမိုက်စားစတေကာနဲ့အတူ ပြုလုပ်ထားတာဖြစ်ပြီး အဖြူရောင်ဒီဇိုင်းလေးနဲ့ ပုံစံလေးက အောင်လအန်ဆန်းပရိသတ်တွေကို ကြိုက်နှစ်သတ်စေမှာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ရုပ်ပုံပါ စတေကာအင်္ကျီကို ဝယ်ယူရရှိနိုင်ကြောင်း လူမှုစာမျက်နှာပေါ်မှတစ်ဆင့် ပြောကြားခဲ့တဲ့ေ အာင်လအန်ဆန်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - AUng La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။