မကြာသေးမီကစတင် လုပ်ဆောင်ခဲ့တဲ့ Geographical Society of Myanmar (GSM) လေ့လာရေးခရီးသွားအဖွဲ့မော်တော်ယာဉ်တန်းကတော့ Snow to Sea လေ့လာရေးခရီးစဉ်အဖြစ် မြန်မာပြည်မြောက်ဖျားဆုံး နောင်မွန်းမြို့မှတဆင့် မြန်မာပြည်တောင်ဖျား ကော့သောင်းမြို့ဘုရင့်နောင်အငူသို့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆နာရီက ရောက်ရှိလာကြောင်းသိရပါတယ်။ အဆိုပါGeographical Society of Myanmar လေ့လာရေးခရီးသွားအဖွဲ့သည် 4WD မော်တော်ယာဉ်မျိုးစုံ(၁၈)စီး ၊ အဖွဲ့ဝင် နှင့် မိသားစုများအပါဝင် (၄၀)ဦးဖြင့်ရာက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေထွန်း နှင့် ဒေသတာဝန်ရှိသူများ၊ ကော့သောင်းအပျော်တမ်းစက်ဘီးစီးအသင်း KawthaungCyclingClub (KTCC)အဖွဲ့တို့ကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ 

အဆိုပါ လေ့လာရေးခရီးသွားအဖွဲ့သည် မြန်မာပြည်တစ်ဝှမ်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏လူမှုစီးပွားဘဝပုံစံများ၊ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအလိုက် မြစ်ချောင်းများ၊ သစ်တောသစ်ပင်များ၊ သဘာဝပထဝီအနေအထား နှင့် ရာသီဥတုပုံစံများ၊ ဒေသအသီးသီးတွင်ရှင်သန်ပေါက်ဖွားကြသည့် သက်ရှိသတ္တဝါမျိုးစုံ နှင့် သဘာဝ ပေါက်ပင် မျိုးစုံ၏ သဘာဝအရှိတရားအခြေအနေများကို လေ့လာရန်သွားရောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဒါအပြင် ၎င်းလေ့လာတွေ့ရှိမှုအချက်အလက်များကို စုဆောင်းခြင်း၊ ပြန်လည်ဖော်ပြအသိပညာပေးခြင်းစသည့် သုတေသန ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိူင်ငံတစ်ဝှမ်းရှိတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ သုတေသနနှင့်အသုံးချနိူင်မှု ဆိုင်ရာ ပရိုဂရမ်များရေးဆွဲခြင်း၊ အဆင့်မြင့်ပညာရေးရပ်ဝန်းနှင့် လက်တွေ့အသုံးချနိူင်မှုဆိုင်ရာလုပ်ငန်းများ အတွက် ပေါင်းကူးဆက်သွယ်ဆောင်ရွက်ခြင်းစသည့်လူမှုရေး လုပ်ငန်းများကို တတ်သိပညာရှင်းများဖြင့် ပူးပေါင်းပါဝင်ဖွဲ့စည်း ဆောင်ရွက်ကြရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်ဇေယျမြိုင် ၏ပြောဆိုချက်အရသိရပါတယ်။  

အဆိုပါ အဖွဲ့သည် ခရီးစဉ်အမည် Snow to Sea အဖြစ် ကချင်ပြည်နယ် နောင်မွန်းမြို့ မှ လွန်ခဲ့သည့် ဧပြီလ ၁၇ ရက်မှစတင် စုစည်းထွက်ခွာခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့အထိ ခရီး အကွာဝေး မိုင်ပေါင်း(၂၈၀ဝ)ကျော် ကို (၈)ရက်ကြာဖြတ်သန်းမောင်းနင်းခဲ့ကြကြောင်းသိရပါတယ်။ ပြည်တွင်း ဒေသမျိုးစုံမှာရှိတဲ့ နေထိုင်မှု သံယံဇာတများနဲ့အတူ တိရိစ္ဆာအချို့ရဲ့ ပုံစံတွေကို ထူးထူးခြားခြားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

SOURCE - THE MIRRO DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။