ပြေတီဦးဟာ မကြာမီရောက်ရှိတော့မယ့် သင်္ကြန်ရက်များကို လူပျိုဘဝတုန်းကလို ဇာတ်ကားများရိုက်ရင်း မဖြတ်သန်းတော့ပဲ ခုချိန်မှာမိသားစု ဆိုတာရှိနေပြီ ဖြစ်တဲ့အတွက်မိသားစုကိုပဲ အချိန်ပေးဖြစ်ဖို့များကြောင်းပြောကြားခဲ့ပါတယ်။

"လူပျိုဘဝတုန်းကဆိုရင်တော့ ကျွန်တော်က သင်္ကြန်တွင်းမှာ ကားရိုက်ရင်းနဲ့ပဲ သင်္ကြန်ကို ဖြတ်သန်းတယ်၊ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ တစ်ချို့နှစ်တွေက ခရီးသွားတယ်၊ တစ်ချို့နှစ်တွေကျတော့ အိမ်မှာပဲ ဲနေတယ်၊ဒီနှစ်သင်္ကြန်မှာတော့ မိသားစုနဲ့ ခရီးသွားဖြစ်ဖို့များပါတယ်။အခြားနိုင်ငံတစ်ခုခုကို သွားမှာပါ။ "

" နိုင်ငံခြားဆိုတာကတော့ ဘယ်အချိန်ပဲသွားသွား အတူတူပဲပေါ့။သင်္ကြန်ကာလကတော့ မြန်မာနိုင်ငံက အကောင်းဆုံးပါ။ ဒါပေမဲ့ ခက်တာကကျွန်တော်တို့က ကလေးတွေရှိနေတဲ့ အခါကျတော့ သွားဖို့လာဖို့ သိပ်မလွယ်တာကြောင့် ခုလိုအားလပ်ရက် မှာနားနားနေနေခရီးပဲ ထွက်လိုက်တာ ပျော်ဖို့ကောင်းမယ် ထင်လိုပါ။ နောက်ပြီးတော့ ကျွန်တော် အနေနဲ့က မိသားစုတစ်စုရှိနေပြီး ဖြစ်တဲ့ အတွက် မိသားစုကို ခုလိုအားလပ် ရက်တွေမှာ အချိန် ပေးဖြစ် တာလည်းပါပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြေတီဦးရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့

“ အခုလောလောဆယ်မှာတော့ အရမ်းကြီး ထူးထူးခြားခြား သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် မရှိသေးပေမဲ့ နောင််ဖြစ်လာနိုင်စရာရှိပါတယ်။ခုလတ်တလောမှာတော့ ကျွန်တော် နယ်ကနေတက်လာပြီးတော့အောင်မြင် အောင် ကြိုးစားချင်တဲ့ လူငယ်တစ်ယောက်ပုံစံ ဇာတ်ကောင်အနေနဲ့ ့ “စကားတစ်ခွန်း”ဆိုတဲ့ ဗီဒီယို ဇာတ်ကာရိုက်နေပါတယ်။အဲ့ဒီ ဇာတ်ကားပြီးရင်လည်း နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်ဖို့ရှိသေးပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

Source : local media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။