ပြည်တွင်း အသုံးပြုလျှက်ရှိတဲ့ စက်ယန္တားအများစုကို ပြည်ပနိုင်ငံတွေမှ ဝယ်ယူအသုံးပြုလျှက်ရှိတာဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုကအလွန်နည်းပါးလျှက်ရှိတာတွေ့ရပါတယ်။ ယခင်ပြည်သူတွေအသုံးပြုလျှက်ရှိတဲ့ လေယာဉ်ပျံတွေ၊ မော်တော်ကားတွေနဲ့ အခြားအခြားသောစက်ပစ္စည်းအများစုကို ပြည်ပနိုင်ငံတွေမှ အများစုဝယ်ယူခဲ့ကြပြီး လက်ရှိပြည်တွင်းကိုယ်ပိုင်စက်မှုလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။  

မနေ့ကပြုလုပ်ခဲ့တဲ့ အစည်းဝေးတစ်ခုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ ပြည်တွင်းရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကတော့ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကတော့ Eco World Developer Co., Ltd မှ တာဝန်ရှိသူများနှင့် ဧပြီလ ၂၅ ရက် က ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပါတယ်။  

အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်အား အဆိုပါကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံလုပ်ငန်း လုပ်ကိုင်ရန် ကိစ္စနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ပြည်တွင်းပြုပြင်ပြောင်းလဲမှုတွေထဲက အကြီးမားဆုံးတစ်ခုဖြစ်လာမယ့် အဆိုပါ ရဟတ်ယာဉ်ထုတ်လုပ်နိုင်မှုသတင်းကောင်းလေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - PHYO MIN THEIN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။