နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သလို အမျိုးသမီးတွေအားကျရတဲ့ ခင်ပွန်းကောင်းတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ သဥ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေ ကြော်ငြာတွေရိုက်ရင်း အနုပညာလမ်းစလျှောက်ခဲ့တဲ့သူမဟာ သူမရဲ့ ပင်ကိုယ်အမူအရာ သရုပ်ဆောင်စွမ်းရည်တို့ကြောင့် ပရိသတ်အားပေးမှု အခိုင်အမာနဲ့အတူ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေအားလုံးကို ရပ်နားပစ်လိုက်ပြီး အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ရပ်တည်လို့နေပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သူမရဲ့ စုလျားရစ်ပတ်ထိမ်းမြားလက်ထပ်ပွဲဟာ အနည်းငယ် ပွက်လောရိုက်ခဲ့ပေမယ့် အခုချိန်မှာတော့ သဥ္ဇာဟာ ရွေးချယ်မှုမှန်ကန်တယ်လို့ အများစုက ကောက်ချက်ချနေကြပါတယ်။ ကိုယ့်ကို ဂရုတစိုက်နဲ့ ကြင်နာပြီး အားကိုးရလောက်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားရတာမို့ သဥ္ဇာ့ကို အမြဲတမ်းပြုံးပြုံးရွှင်ရွှင်တွေ့နေရပြီး သူမရဲ့ ပရိသတ်တွေကလည်း စိတ်ချမ်းသာလို့နေပါတယ်။
မနေ့ကတော့ သူမရဲ့မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့ပွဲလေးကိုတော့ သူမတို့ပိုင်တဲ့ Hot Pot City မှာ ကျင်းပခဲ့တာဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေအချို့နဲ့ အနုပညာအသိုင်းအဝိုင်းမှ ရင်းနှီးတဲ့ မိတ်ဆွေတွေ တက်ရောက်လာခဲ့ကြပါတယ်။ မွေးနေ့မှာ ခင်ပွန်းသည်ကို တယုတယ မွေးနေ့ကိတ်ခွံ့ကျွေးနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်နူးနူးကြည့်နေတဲ့ ပုံလေးတွေကတော့ သူမတို့ပရိသတ်တွေကြား ချစ်စရာဖြစ်နေပြန်ပါတယ်။ ပရိသတ်တွေကလည်း သဥ္ဇာလေးကို သူ့ရဲ့ ကျားကျား(ယောက်ျား) က ဘာလက်ဆောင်ပေးသလည်း ဆိုတာလည်း သိချင်နေကြလေရဲ့လေ……
Source: Aung Lay & My Dream
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။