ဧပြီလ ၂၅ရက်နေ့ မနေ့ညက စတင်လောင်ကျွမ်းခဲ့တဲ့ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်မီးလောင်မှုကတော့ ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မီးလောင်မှုကြီးကတော့ မနေ့ကညနေပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တောမီးလောင်ကျွမ်းမှုကြီးတစ်ခုဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

တောမီးဟာ ဇွဲကပင်တောင်ရဲ့ အနောက်ဘက်ခြမ်း ခလောက်နို့ဘက်ကနေ စတင် လောင်ကျွမ်း ခဲ့တာဖြစ်ပြီး တောင်ရဲ့ အရှေ့ဘက်ခြမ်းကိုပါ ကူးစက်လောင်ကျွမ်း ခဲ့တယ်လို့ မြို့ခံအချို့ရဲ့ ပြောကြားချက်အရသိရပါတယ်။ တောင်ခြေအနီးဝန်းကျင် ရွာတွေမှာ နေထိုင်သူတွေ ပြောတာက အဲဒီတောင်တွေဟာ ထုံးကျောက်တောင်တွေဖြစ်တော့ အခုလို အပူချိန် မြင့်မားလာချိန်မှာ ထုံးကျောက်တွေက ပူလာပြီး အနီးနားမှာရှိတဲ့ မြက်ခြောက် သစ်ခြောက်တွေနဲ့ ပွတ်တိုက်ပြီး မီးလောင်ရတာလို့ ဆိုပါတယ်။ 

ဇွဲကပင်တောင်မှာ တောမီးလောင်တာက နှစ်စဉ် ဖြစ်ပွားလေ့ ရှိပြီး မနေ့ညက လောင်ကျွမ်းတဲ့ တောမီးကတော့ ဒီနှစ်ပိုင်းအတွင်း တောမီး လောင်ကျွမ်းမှုတွေမှာ အများဆုံး ဖြစ်တယ်လို့ ဘားအံမြို့ခံ ကိုဇော်ထူးဆန်းက ပြောပြခဲ့ပါတယ်။ မနေ့ညနေ ၄ နာရီလောက်က တောမီး စတင်လောင်တာ ဖြစ်ပြီး ည ၉ နာရီ လောက်မှာ မီးညွှန့်ကျိုးခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဇွဲကပင် တောင်ခြေ ဝန်းကျင်မှာ မီးခိုးငွေ့တွေ တွေ့ရသေးတယ်လို့ ကိုဇော်ထူးဆန်းက ဆက်လက်ပြေပြထားပါတယ်။ မနေ့ညနဲ့ ဒီနေ့မနက်ပိုင်းတွေ့ရတဲ့ ဇွဲကပင်တောင်မီးလောင်မှုပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Saw AgSoe Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။