ပြည်တွင်း မကြာခဏဖြစ်ပွားလေ့ရှိတဲ့ လုယက်မှုတွေကတော့ ပိုမိုများပြားလာတာကို ပရိသတ်တွေလည်း သတိထားမိကြမယ်ထင်ပါတယ်။ အဆိုပါ လုယက်မှုတွေထဲမှာ အဖြစ်အများဆုံးဖြင့်ပွားလေ့ရှိတဲ့ နေရာတွေကတော့ လူအသွားအလာပျက်တဲ့နေရာတွေပဲဖြစ်ပါတယ်။ မကြာသေးမီကလည်း ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စုမှာ ဓားဖြင့်ခုတ်လုယက်သူနှစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ လုယက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး " ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုမှာ ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်လုယက်သူနှစ်ဦးကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း " ဗီဒီယိုဖိုင်နှင့်တကွ သိရပါတယ်။ ဓားခုတ်လုယက်ခံရသူအမျိုးသားကတော့ ရှောင်တိမ်းမှုကြောင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း သိရပါတယ်။  

လုယက်သူနှစ်ဦးကို ဝိုင်းဝန်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ မကြာခဏဖြစ်ပေါ်လျှက်ရှိတဲ့ လုယက်မှုတွေထဲမှာ လူကိုပါသေစေလောက်တဲ့အထိဖြစ်ပွားခဲ့တဲ့ အဆိုပါ လုယက်သူနှစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

VIDE0 - ဇင်မင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။