တက္ကဆီခေတ်တစ်ခေတ်ပြောင်းချိန်
မြန်မာပြည်ကိုGrab ရောက်လာပါပြီ။
Grab ဆိုတာအရှေ့တောင်အာရှရဲ့အကြီးဆုံး တက္ကဆီအဌားဝန်ဆောင်မှုကုမ္ပဏီကြီးပါ။စင်ကာပူမှာ
အခြေစိုက်ထားတဲ့Grab ဟာစင်ကာပူ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊မလေးရှား၊ထိုင်းနဲ့ဗီယက်နမ်တို့မှာအဌားယာဉ်၀န်ဆော်မှုတွေလုပ်ကိုင်နေပါတယ်။အခုတော့Grab ဟာမြန်မာပြည်စျေးကွက်ကိုတိုးဝင်လာပြီးပြည်တွင်းတက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Oway Ride၊Hello Cabsနဲ့Go Taxi တို့နဲ့စျေးကွက်ယှဉ်လုရမှာပါ။နိုင်ငံတကာကုမ္ပဏီကြီးဖြစ်လို့အတွေ့အကြုံပိုင်းဆိုင်ရာတော့ပြည်တွင်းကုမ္ပဏီတွေထက်ှနှာတစ်ဖျားမကသာနေမှာအသေအချာပါ။နောက်အမေရိကန်ရဲ့နာမည်ကျော် Uber Taxi Serviceကလည်းGrab ရဲ့နောက်မှာရှေ့ဆင့်နောက်ဆင့်ဝင်လာတော့မှာမို့ဒီအချိန်ဟာပြည်တွင်းတက္ကစီလောကအတွက်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်လာနေပါတယ်။
လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာအဌားယာဉ်အစီးပေါင်းခြောက်သောင်းကျော်ပြေးဆွဲနေပြီးလူတစ်ဦးချင်းကစီမံခ့ခွဲမောင်းနှင်နေကြလို့စနစ်တကျမရှိပါဘူး။ဒါပေမယ့်နောင်နှစ်အနည်းငယ်ကြာရင်တော့စနစ်ကျတဲ့တက္ကစီဝန်ဆောင်မှုတစ်ရပ်ပေါ်ပေါက်လာမယ့်အရိပ်အယောင်တွေမြင်နေရပါပြီ။
Source-local media
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။