“ဒီပလက်တီနမ်ဆွဲကြိုးက ဒက်ဒီပေးထားတာ” ဆိုတဲ့ ဒီသီချင်းလေးကို ပရိသတ်တွေမှတ်မိသေးရင် အဆိုတော်ဖြိုးကြီးကိုပါ သတိရသေးတယ်ဟုတ်။

ဖြိုးကြီးဟာ ဂီတလောကမှာ အာဇာနည်တို့ နဲ့အတူ ခေတ်ပြိုင်လူသိများတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ သီချင်းတွေသံမကြားရတာကြာပါပြီ။

ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ သားတစ်ဦး ထွန်းကားခဲ့ပြီးနောက်မှာ သဘောထားမတိုက်ဆိုင်လို့ နှစ်ဦးသဘောတူကွာရှင်းထားတာဖြစ်ပါတယ်။

ဖြိုးကြီး နဲ့ သူ့ချစ်သူကောင်မလေး ဟာ ဧပြီလ(၇)ရက်နေ့က လင်းလင်းနဲ့ချစ်သုဝေတို့ စုံတွဲ ၊ Rocker ကြီး အငဲ တို့နဲ့ အတူ ဘန်ကောက်မှာကျင်းပတဲ့ Cold Play ရှိုးပွဲကို အတူသွားကြည့်ကြတယ်လို့ သိရပါတယ်။

ဖြိုးကြီးဟာ သူ့ချစ်သူကောင်မလေးကို ဘယ်လောက်ချစ်ပုံရလဲဆိုရင် ဘန်ကောက်ရောက်ရောက်ချင်း ပွဲထဲမှာ အနားကမခွာပဲ ချစ်သူ ခါးကိုဖက်ကာ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ဖေ့ဘုတ်စ်မှာ တင်ထားပါတယ်။

အဆိုပါနှစ်ယောက်တွဲ ဓာတ်ပုံအောက်မှာတော့ ရန်ရန်ချန်း နဲ့ အာဇာနည် တို့က လည်း စနောက်ကာ ကွန့်မန့်ပေးခဲ့ကြပါတယ်။

ဖြိုးကြီး တို့စုံတွဲ လိုက်ဖက်တယ်မလား ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Phyo Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။