ပြည်တွင်းပရိသတ်များစွာရဲ့ ကျေးဇူးရှင်တစ်ဦးအဖြစ်ယနေ့အထိထင်ကျန်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအထောက်အထားတွေကို ပြည်သူအချို့ကတန်ဖိုးထားကာ သိမ်းစည်းပြင်ဆင်မှုတွေလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC 2874 ကားကို ၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း Htoo Auto Service မှရေးသားထားကိုတွေ့ရပါတယ်။ ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကို သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီးစီးချင်သည့်အတွက် Htoo Auto Service ကအသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းဟုလည်း သိရပါတယ်။  

အဆိုပါကားကိုပြင်ဆင်ပြီးစီးပုံနှင့်ပတ်သက်ပြီး "အမေစုကိုယ်တိုင် သူ့အဖေရဲ့ ကားကို ပြန်လည်မွမ်းမံပြီးစီးချင်တယ်ဆိုလို့Htoo Auto Serviceကနေ 245ရက်ကြာ အသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်တဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့Wolseley RC 2874ကားလေးပါ" ဟူ၍ ပြုပြင်မွန်းမံသူတစ်ဦးကပြောကြားထားတာတွေ့ရပါတယ်။ ဒါအပြင် Wolseley ဆိုတဲ့ British ကားထုတ်လုပ်ရေးကို 1901 မှာ Vickers နဲ့ Herbert Austin တို့ပူးပေါင်း တည်ထောင်ခဲ့ပါတယ်။ 1921 မှာ Britain ရဲ့ အကြီးဆုံးသော ကားထုတ်လုပ်ရေးလုပ်ငန်းကြီး ဖြစ်ခဲ့ပါတယ်။ 1901~1905 အတွင်း horizontally opposed အင်ဂျင်တပ်ကားများ ထုတ်လုပ်ခဲ့ပြီး 5 hp မှ 24 hp အထိပါဝါရှိပါတယ်။ rpm 1000 အောက်သာ ရှိပါတယ်။ 1909 အထိမှာ 60 hp ထိအင်ဂျင်ပါဝါ တိုးလာခဲ့ပါတယ်။ အဲ့ခေတ်က အင်ဂျင်ပါဝါနည်း သော်လည်း engine displacement များမှာ 5.2 L, 5.85 L, 11.7 L စသည်ဖြင့်ရှိပါတယ်။ cylinder တွေကတော့ ၄ လုံး ၆ လုံး နဲ့ 60 hp မှာ V8 engine ဖြစ်ပါတယ်။ V8 အင်ဂျင်က လေယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။ 

1919 ကနေ 1939 အတွင်း Wolseley ကနေ 4 cylinder ကားအမျိုးအစား ၁၂ မျိုးထုတ်ခဲ့ပြီး 6-cylinders ကား ၁၈ မျိုး နှင့် 8 cylinder ကား ၂ မျိုးထုတ်လုပ်ခဲ့ပါတယ်။ ဆက်လက်ထုတ်လုပ်တာတွေမရေးတော့ဘဲ ဗိုလ်ချုပ်ကားကိုဆက်ပါမယ်။ ဗိုလ်ချုပ်ရဲ့ကားလေးကတော့ Wolseley 18/85 ဖြစ်ပြီး 1938 ကနေ 1948 အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ တံခါး ၄ ချပ် saloon ကား ဖြစ်ပြီး 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုးအင်ဂျင်ဖြစ်ပြီး UK မှာ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photos - Htoo Auto Service

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။