ဝတ်မှုံရွှေရည်ပြောတဲ့အောင်မြင်သူတွေ ကြုံရတတ်တဲ့ ဝေဖန်တိုက်ခိုက်မှုအကြောင်း

အနုပညာရှင်တွေဟာ သာမန်လူတွေထက် ဝေဖန်တိုက်ခိုက်မှုတွေကို ကြုံတွေ ့ရတတ်ပါ

တယ် ။

အထူးသဖြင့် နာမည်ကျော်အနုပညာရှင်တွေကတော့ ပိုကြုံရလေ့ရှိပါတယ် ။

နာမည်ကြီးမင်းသမီးဖြစ်သူ ဝတ်မှုံရွှေရည်ကတော့ မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေနဲ ့ပတ်သက်ပြီး အခုလိုပဲပြောပြသွားပါတယ် ။“အကောင်းအဆိုးဆိုတာ လူတိုင်းမှာရှိတယ် အနုပညာသမားတွေဟာ ဝေဖန်တာခံရမှာပဲ ။ ပြီးတော့ ကစ်တို ့ဆို အများကြီး ကြုံတွေ ့ရတာပဲ ။

မျိုးစုံ ပုတ်ခတ်တာရော နာမည်ဖျက်တာတွေရော အားလုံးလည်းသိမှာပါ ။ချစ်တဲ့သူလည်း ရှိတယ် ။

မုန်းတဲ့သူလည်း ရှိတယ် ။ အောင်မြင်လာတာနဲ ့အမျှ ချစ်တဲ့လူများလာတာနဲ ့အမျှ မုန်းတဲ့လူများလာမှာပဲ ။

ဘယ်သူပဲဖြစ်ဖြစ် ချစ်တဲ့ သူတွေရော မုန်းတဲ့သူတွေရော မေတ္တာထားပါတယ် ။လူတိုင်းကို မေတ္တာပို ့ဆုတောင်းတယ် ။ ဒါကြောင့် ကစ်ကိုယ်တိုင်လည်း

အေးချမ်းတယ် အကုသိုလ်လည်းနည်းပါတယ်” လို ့ဝတ်မှုံရွှေရည်ကဆိုပါတယ် ။ လက်ရှိမှာတော့ ကစ်ကစ်ဟာ သူမရဲ ့ပရိသတ်တွေနဲ ့အတူ ဧပြီလ

၈ရက်နေ ့မနက်ပိုင်းမှာ ရန်ကုန်မြို ့သိမ်ဖြူလမ်းတောင့်မှာရှိတဲ့ ခရစ်ယာန်သီလရှင်ကျောင်းမှာ ဘိုးဘွားတွေအတွက် သင်္ကြန်အလှူပြုလုပ်ခဲ့ပါတယ် ။

Source: Akonthi  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။