သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည်မဟုတ်တော့ပါကြောင်း ပြန်လည်ကြေငြာ

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရတနာသဘာဝ

ဓါတ်ငွေ့ပိုက်လိုင်း၏ Partial Shut-downလုပ်ငန်းအား

မူလကြေငြာထားသည့် (၁၀.၄.၂၀၁၇)မှ(၁၄.၄.၂၀၁၇)ထိ

ဆေဆာင်ရွက်ခြင်းအစား (၁၂.၄.၂၀၁၇)မှ (၁၆.၄.၂၀၁၇)ထိ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ထိုကဲ့သို့ shut downလုပ်ငန်းဆောင်ရွက်စဉ်

ရတနာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ကုဗပေ

သန်း(၁၂၀)ပေးပို့ထားမည်ဖြစ်ပြီး ကုန်းတွင်းသဘာဝဓါတ်ငွေ့နှင့်ဇောတိကသဘာဝဓါတ်ငွေ့

များအား ထပ်မံတိုးမြှင့်ဖြန့်ဖြူးပေးထားမည်ဖြစ်ပါသည်။

၃။ သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုမှာ တနိုင်ငံလုံး (၆၀ မှ ၇၀ မဂ္ဂါဝပ်)ခန့်သာ လျော့နည်းသွားမည်ဖြစ်ပါသည်။ 

၄။ ၎င်းအပြင် သင်္ကြန်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားသဖြင့်လျော့နည်းသုံးစွဲမည့် ဓါတ်အား

ပမာဏမှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာပင် အနည်းဆုံး ၂၅၀ မဂ္ဂါဝပ်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ shut downကာလအတွင်းပြည်သူများအား

လျှပ်စစ်ဓါတ်အားလုံးဝ (လုံးဝ) ပြတ်တောက်ခြင်းမရှိဘဲ

ဓါတ်အားပေးသွားမည် ဖြစ်ပါကြောင်းအသိပေး

ပန်ကြားအပ်ပါသည်။

Source: YESC

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။