ပြင်ဦးလွင်ကစင်တင်KTVတစ်ခုမှာဘီလီကိုသီချင်‌းဆိုခဲ့လို့ပရိသတ်တွေ

စိတ်မကောင်းခဲ့ပေမယ့်အခုတော့ စိတ်ချမ်းသာရပါပြီ။

အဲ့တာကတော့…

“ လျှပ်တစ်ပြက် မန္တလေး နေ့ဝက်ခရီး

အဖြစ်က ဒီလို !

(Billy အတွက် ပွဲစီစဉ်သူအမတွေက selfie ရိုက်ချိန် ၊

Sign ထိုးချိန်ကအစအားလုံးစနစ်တကျ စီစဉ်ထားပြီးသားပါ)

ဓာတ်ပုံရိုက်နေချိန်မှာ ဖန်တစ်ယောက်က ကောက်ကာငင်ခါ

Sign ထိုးပေးပါဆိုတော့ တခြားလူတွေကပါ

အမှတ်တရဝိုင်းထိုးခိုင်းကြရော ၊

အဲတော့မတ်တပ်ရပ်နဲ့ပဲ ထိုးဖြစ်သွားတယ်

အစက နောက်ကျောအကျႌ ၊ ဦးထုပ် ၊ ဖုန်း ၊ ပိုက်ဆံအိတ်တို့က အောက်ခံအမာသားဆိုတော့ ပြဿနာသိပ်မရှိဘူး ၊ ရုတ်တရက်ဆိုတော့ဘီလီပေါင်ပေါ်တင် ထိုးနေတယ် ၊

Fan တစ်ယောက်ရဲ့လက်ကိုင်ပဝါလေးထိုးတဲ့အခါမှာတော့ သူထိုးရတာအားမရလို့ထင်ပါတယ် 

*ရုတ်တရက်ကြီး နေရာမှာတင် ဘာမပြောညာမပြော

ကုန်းကုန်းကြီး ဒူးတုပ်ထိုင်ချပစ်လိုက်ရော*

ကျန်တဲ့လူတွေဘာပြောရမယ်မသိအတော်လေး ဟာခနဲ ဆွံ့အသွားတယ် ၊ မြင်ဖူးသလားဘယ်အနုပညာရှင်က အဲလောက် ပကာသနကင်းကင်း sign ထိုးပေးတာ

ကိုယ်တွေလဲအတော်ကြောင်သွားတယ် ၊ တကယ် ရှော့ခ်ပဲ ၊

သူကတော့ မော့ကိုမကြည့်တော့ဘူး ၊

လွတ်လွတ်လပ်လပ် သူ့အိပ်ရာပေါ်သူရောက်နေသလားတောင်ထင်နေလားမသိပါဘူး ၊အားရပါးရ ဒူးတုပ်ထိုင်ချပြီးကို ထိုးနေတော့တာပါပဲ ”

ကဲပရိသတ်ကြီးရေ..စိတ်ချမ်းသာကြပါစေ…

ကြည်နူးစရာပါ..

Source: Win Thant Thant Soe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။