ချေတယ်လို့ ဝေဖန်ခံရတဲ့ မင်းသမီးချောလေး ကတော့ ရွှေမှုန်ရတီပဲဖြစ်ပါတယ် ။

ရွှေမှုန်ရတီကတော့ပြတ်သားပါတယ် ...

အနုပညာသမားဖြစ်ပေမယ့် ကိုယ့် Personal ကိစ္စကို ကိုယ်ဟာကိုယ်စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့

ဆိုတဲ့ မင်းသမီးလေးဟာ တကယ်ကို ပွင့်လင်းသူပါ ။

အနုပညာရှင်အချို့က အချစ်ရေးကို လျို့ဝှက်ထားတတ်ပေမယ့် မင်းသမီးလေးကတော့ တရားဝင်ချပြဖို့ဝန်မလေးသူမို့

ပရိတ်သတ်လျော့မှာမစိုးရိမ်ဘူးလားဆိုတဲ့ အမေးကိုတော့

" မစိုးရိမ်ပါဘူး။ " လို့ပဲဖြေသွားပါတယ် ။

မိဘက သဘောတူ လက်ခံထားတဲ့အတွက် အချစ်ရေုးကိုတရားဝင်ဖွင့်ဟမှုအပေါ်လဲ အမေ့ကိုအကုန်အသိပေးပြီးမှလုပ်ခဲ့တာပါ ။

မိဘမသိဘဲ ဘာမှမလုပ်ခဲ့ဖူးဘူး ဆိုတဲ့ မင်းသမီးလေးပါ ။

ချစ်သူသက်တမ်းဘယ်လောက်ကြာပြီလဲဆိုတာတော့မပြောပြနိုင်ပါဘူးတဲ့ ။

ချေတယ်လို့ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပါတ်သတ်ပြီးတော့ ဘယ်လိုမှမခံစားရပါဘူး ။

အားပေးသည်ဖြစ်စေ အားမပေးသည်ဖြစ်စေ ညီမသည် ညီမပုံစံအတိုင်းပဲနေထိုင်တာဖြစ်ပါတယ်လို့လဲဆိုသွားပါတယ် ပရိတ်သတ်ကြီးရေ ...

Source : trend myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။