ဇေရဲထက်ပြောတဲ့ “ အရမ်းချစ်တယ်ဆိုတဲ့စကား” ဘယ်သူ့အတွက်လဲဆိုတာကတော့

ဇေရဲထက်က လွဲရင် ကျန်သူတွေ တိတိကျကျသိဖို့ခက်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဇေရဲထက် တစ်ယောက် သူ့ဖေ့ဘွတ်မှာတင်လိုက်တဲ့ စတေးတပ်ကိုတော့ ပရိသတ်တွေအများအပြား စိတ်ဝင်စားနေကြပါတယ်။ 

၉.၄.၂၀၁၇ မနက်ပိုင်း ၁၂နာရီ ဝန်းကျင်မှာအဆိုပါ စတေးတပ်ကိုတင်လိုက်တာပါ။

“အရမ်းချစ်တယ် နားလည်ပေးပါ”

အဲ့စာလုံတွေပဲဖော်ပြထားလို့ သူ့ပရိသတ်တွေကတော့ စိတ်ဝင်စားနေလေရဲ့

ဒါ့အပြင် လက်ရှိရိုက်ကူးနေတဲ့ နာမည် ကျန်နေရစ်မယ်ဇာတ်ကားနဲ့ပတ်သတ်ပြီး “ကားကောင်းလေးတကားပါ ရိုတ်ခွင့်ရလို့ကျေနပ်နေတယ်ပင်ပန်းပေမယ့်ပင်ပန်းရကျိုးနပ်တဲ့ကားလေးပါ” လို့လည်းဇေရဲထက်က ဆိုထားပါတယ်။အဆိုပါ နာမည် ကျန်နေရစ်မယ် ဇာတ်ကားမှာ ဖျာပုံလှမိုးနွယ်ရဲ့ ဝတ္ထု ကို မျက်ခြယ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၊ ဒါရိုက်တာ သန့်ဇင်အောင်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

နာမည်ကျန်နေရစ်မယ် ဇာတ်ကားကို သရုပ်ဆောင် ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းအိန္ဒြာဗို၊ အိချောပို နဲ့ ဇော်ဝင်းနိုင်တို့အပြင်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။

Source: ဇေရဲထက်ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။