ဗုဒ္ဓဘာသာဝင်တိုင်းအထွဋ်အမြတ်ထားကိုးကွယ်ကြတဲ့ ဗုဒ္ဓရုပ်ပွားတော်များကို အာရှနိုင်ငံတွေမှာသာမက ဥရောပနဲ့ အာဖရိကနိုင်ငံတွေမှာလည်းမကြာခဏဆိုသလိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အဆိုပါ သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်များကို မကြာသေးမီက ပါကစ္စတန်နိုင်ငံရှိဒေသတစ်ခုမှာ တူးဖော်ရရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါရုပ်ပွားတော်တွေကို ပါကစ္စတန်နိုင်ငံအတွင်းမှာတွေ့ရှိခဲ့တာဖြစ်ပြီး ရှေးဟောင်းအဖိုးတန်ရုပ်ပွားတော်တွေဖြစ်ကြောင်းသိရပါတယ်။ ၎င်းရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းရုပ်ပွားတော်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ပြုလုပ်မှုတွေဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်အချို့ရဲ့ လေ့လာမှုအရ သိရှိရပါတယ်။  

ပါကစ္စတန်နိုင်ငံကတော့ အစ္စလာမ်ကိုးကွယ်မှုနိုင်ငံဖြစ်ပေမယ့်လည်း လက်ရှိ အဆိုပါတူးဖော်ရရှိခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်များကို စူးစမ်းလေ့လာမှုတွေပြုလုပ်နေပြီး နိုင်ငံနည်းစနစ်အတိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ မကြာသေးမီကတွေ့ရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်ပုံရိပ်များကို ချစ်ပရိသတ်တွေဖူးမြင်နိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

pHOTOS - tHE LAND OF BUDDHA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။