နိုင်ငံတကာမှာသာမက ပြည်တွင်းရဲ့ နေရာတိုင်းလိုလို တွေ့မြင်နေရတဲ့ အရက်သေစာ၊ ဘီယာရောင်းချမှုနဲ့ သောက်သုံးမှုတွေကတော့ ပရိသတ်တွေနဲ့လည်း အနေဝေးမယ်မထင်ပါဘူး။ အမျိုးစားပေါင်းစုံရှိတဲ့ သေရည်အရက်တွေကို လူတန်းစားပေါင်းစုံ နေ့စဉ်သောက်သုံးလျှက်ရှိပြီး တစ်နေ့ထက်ပိုမို များပြားလာတာတွေ့ရပါတယ်။ အဆိုပါ အရက်သေစာသောက်သုံးမှုကို စည်းစည်းလုံးလုံးတိုက်ဖျတ်ခဲ့ရွာလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။   

အဆိုပါ ရွာလေးကတော့ ပြည်တွင်းရှိ ဇီးကိုင်းရွာလေးဖြစ်ပြီး တစ်ရွာလုံးနီးပါး အရက်သေစာများကို ရွာအတွင်းရှိ ယောကျာ်း၊ မိန်းမနဲ့ ကလေးပါမကျန် ရှာဖွေဖျက်ဆီးခဲ့ကြကြောင်း သိရပါတယ်။ တစ်ရွာလုံးရဲ့ သဘောတူညီချက်ဖြင့် ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး အဆိုပါ ပြုလုပ်မှုကို ရွာအတွင်းရှိ လူကြီး၊ လူငယ် ကလေးတွေသာမက ရွာရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်တွေလည်း လာရောက်ခဲ့ကြကြောင်း သိရပါတယ်။   

၎င်းအရက်ဖျတ်ဆီးစွန့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ရွာသားများအားလုံးကလည်း ကျေနပ်ကြကြောင်းနှင့်အတူ တစ်စုံတစ်ရာပြဿနာအကြောင်း အရင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ အဆိုပါ အရက်၊ ဘီယာများကို ရွာလုံးကျွတ် ဖျတ်ဆီးပွဲ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDE0 - စောမြတ်မွန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။