ကမ္ဘာ့တစ်ဝှမ်းကကြောက်ကျတဲ့ သဘာဝဘေးအန္တရယ်တွေထဲမှာ မုန်းတိုင်းကတော့ အဓိကနေရာမှာရှိပါတယ်။ ပြည်ပနိုင်ငံတွေသာမက ပြည်တွင်းမှာလည်း ဆိုးဆိုးရွားရွားမုန်းတိုင်းတစ်ခုတိုက်ခတ်ခဲ့ဖူးတာကို အားလုံးလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ လက်ရှိမှာလည်း မုန်းတိုင်းကြိုတင်ကာကွယ်ရေးအတွက် မိုးလေဝဿသတင်းများနဲ့အတူ သတင်းပေးနှိုးဆော်မှုတွေလည်းများစွာရှိနေတာကို အားလုံးသိမယ်ထင်ပါတယ်။  

စစ်တွေနဲ့ ကျောက်ဖြူခရိုင် အမ်း မြို့နယ်တွေက ရပ်ကွက်တွေမှာ မီးသတ်ဌာနရဲ့ တာဝန်ရှိသူတွေက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI) အန္တရာယ် ကြိုတင်ကာကွယ်ဖို့ မနေ့က (ဧပြီ ၂၈ ရက်) အသံချဲ့စက်နဲ့ သတိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆိုင်ကလုံးမုန်တိုင်း ဖန်နီ (FANI) ဟာ လက်ရှိမှာ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့နဲ့ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၊ မာချီလီပတ္တနမ်မြို့ တွေအနီး ပင်လယ်ပြင်မှာ ဗဟိုပြုနေကြောင်း မိုးလေဝသခန့်မှန်းသူတွေထံမှသိရပါတယ်။  

မြန်မာနိုင်ငံ အနေနဲ့ မုန်တိုင်းရဲ့သက်ရောက်မှုကို လာမယ့် မေလ ၃၊ ၄၊ ၅ ရက် မှ ခံစားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုး ဒေါ်မေခင်ချောက ပြောပြထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်း၊ ကချင်၊ စစ်ကိုင်းတိုင်းတွေမှာ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး မြန်မာနိုင်ငံ နေရာအနှံပြားမှာလည်း မိုးရွာနိုင်တယ်လို့ သူက ဆက်လက်ပြောပြထားပါတယ်။

SOURCE - BBC BURMESE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။