မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosmetics တွေဟာ အမျိုးသမီးပရိသတ်တွေကြား အထူးရေပန်းစားလျက်ရှိနေပါတယ်။ အစပိုင်းမှာတော့ နှုတ်ခမ်းနီကို စတင်ထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ အခြားသော Cosmetics ပစ္စည်းတွေကို ပါတွဲဖက် ထုတ်လုပ်လျက်ရှိပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ Cosmetics အသစ်တွေကို အနုပညာမောင်နှမတွေဆီကို လက်ဆောင်တွေပေးနေပါတယ်။ အခုလည်း နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ ဇေရဲထက်ကို စိုင်းစိုင်းက Cosmetics တွေ လက်ဆောင်ပေးလိုက်ပါတယ်။ ဇေရဲထက်ကတော့ စိုင်းစိုင်းကို ကျေးဇူးတင်ပါတယ် ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ယခုလိုရေးသားထားပါတယ်။

"ကျေးဇူးကိုစိုင်း ရောက်ရှိကြောင်း နှလုံးသားရှိသူတိုင်းအချစ်ရှိသည် ကားအတွက်ပြည့်စုံသွားကြောင်း" လို့ ရရှိထားတဲ့ Cosmetics တွေကို ဓာတ်ပုံရိုက်ကာ တင်ထားပါတယ် ပရိသတ်ကြီးရေ……

Source: Zay Ye Htet

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။