ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတိုင်း ဖွေးဖွေး ပါဝင်သရုပ်ဆောင်လိုက်ရင် နာမည်မကြီးတဲ့ ဇာတ်ကားရယ်လို့ မရှိသလောက်ပါပဲ။

အကယ်ဒမီ ဖွေးဖွေး ပရိသတ်တွေကတော့ ဒီဇာတ်ကားကို အတော်လေးကြည့်ချင်နေကြမှာသေချာပါတယ်။

အပိုအလိုမရှိ ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးကတော့ လက်ရှိမှာလည်း ဒါရိုုက်တာဝိုင်းရဲ့ ရွှေကြာဇာတ်ကားထဲမှ ဖွေးဖွေးပြောထားတဲ့ ဒိုင်ယာလော့ချ် တွေက လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားနေပါတယ်။

အဆိုပါ ဇာတ်ကားမှာ ဖွေးဖွေးက ပြည့်တန်ဆာတစ်ယောက်အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး (၁၄)ပေါင်အထိ ၀ိတ်ချခဲ့ရတယ်လို့ ဆိုပါတယ်။

“ဖာဆိုတာ မကောင်းတဲ့မိန်းမဆိုတာနဲ့ စာရင်တော့ တော်သေးတာပေါ့ အေးချမ်းရဲ့ ၊ငါက ငါ့ကိုဖာလို့ ပြောရင် စိတ်မဆိုးဘူး၊ မကောင်းတဲ့မိန်းမလို့ပြောရင်သာ စိတ်ဆိုးတာ ၊ဒီအလုပ်လုပ်တာကလွဲလို့ လူ့ဘဝမှာ ငါကောင်းကောင်းနေထိုင်တာပဲလေ ၊လူတွေအပေါ် ငါမယုတ်မာဘူး၊ ဒုက္ခရောက်အောင်မလုပ်ဘူး ၊မခိုးဘူး၊ သူများမိသားစုကို မဖြိုခွဲဘူး၊ ငါ့အသက်မွေးဝမ်းကျောင်းက ဖာ ၊ဒါပေမယ့် ငါကမကောင်းတဲ့မိန်းမမဟုတ်ဘူးလေ အဲ့ဒီလို တစ်လုံးတည်းနဲ့ ထိထိမိမိရှိတဲ့ ဖာ ဆိုတဲ့ စကားလုံးလေး တီထွင်ပေးခဲ့သူကိုတောင် ငါကကျေးဇူးတင်နေတာ..နင်တို့အညာမှာ ထန်းခေါက်ဖာတွေရှိတယ်မဟုတ်လား ၊ အဲ့ဒီဖာ နဲ့ စာလုံးချင်းတူတယ်လေ ၊ ဖာ ဘာဖြစ်လဲ ၊ တစ်လုံးတည်း လေကုန်သက်သာတယ်။”

ရွှေကြာ ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ ပုညခင် ရဲ့ အရှေ့တစ်ခါးဝင် ဝတ္ထုဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါ့ပြင် ဒီဇာတ်ကားမှာ သင်ဇာဝင့်ကျော် နဲ့ အလင်းရောင် တို့လည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဖွေးစိန်လေးကို အားပေးကြမှာလား ။  

သတင်းအရင်းမြစ် Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။