လတ်တလောအဖြစ်များနေတဲ့ ပြည်တွင်း မိုးရွာသွန်းမှုပြင်းထန်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသီးကြွေကျခြင်းတွေနဲ့ သစ်ပင်ပြိုလဲကျမှုတွေကတော့ မကြာခဏကြားသိနေရဆဲဖြစ်ပါတယ်။ လက်ရှိဧပြီလအတွင်း ပြည်တွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်မှုများစွာရှိခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေကလည်း မရေမတွက်နိုင်အောင် များပြားခဲ့တာတွေ့ရပါတယ်။    

ဧပြီလ ၂၉ရက်နေ့ မနေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဇွန်တောင်မြို့နယ် လိပ်ကန်လမ်းနှင့် ဦးဝိဇ္ဇာလမ်းထောင်တွင် သစ်ပင်တစ်ပင်လဲကျမှုကြောင့် အိမ်စီးကားအချို့ပျက်ဆီးခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ မနေ့ကညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီးလုံးပတ် ၃ ပေ အမြင့် ၄၀ ခန့်ရှိ သရက်ပင်တစ်ပင် မော်တော်ယာဉ်တွေပေါ်သို့ လဲကျခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ သစ်ပင်လဲကျမှုကြောင့် အိမ်စီးကားအချို့ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရပါတယ်။ ၎င်းဖြစ်ပွားရာနေရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့က ရှင်းလင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့အဆိုပါဖြစ်စဉ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - mYANMAR FIRE SERVICES DEPARTMENT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။