လက်ပံတောင်းဒေသ လယ်သိမ်းခံ ဖြစ်ရပ်မှန်အကြောင်းအား သူတို့ ရုပ်ရှင်ရိုက်နေကြပြီဆိုပြီလက်တလောအွန်းလိုင်တွင်ပြန့်နှံ့နေပါတယ်။

အဆိုပါဇာတ်ကားအမည်ကတော့ “ နာမည် ကျန်နေရစ်မယ် ” ဇာတ်ကားဖြစ်ပါတယ်။

လက်ရှိမှာတော့ရိုက်ကူးနေဆဲဖြစ်ပေမယ့် ဇာတ်ကားဇာတ်ဝင်ခန်းပုံတွေကတော့ လူမှုကွန်ရက်သုံးစွဲသူတွေကြားအတော်လေး ပြန့်နှံ့နေပါတယ်။ 

နာမည် ကျန်နေရစ်မယ်ဇာတ်ကားနဲ့ပတ်သတ်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇေရဲထက်က “ကားကောင်းလေးတကားပါရိုတ်ခွင့်ရလို့ကျေနပ်နေတယ်ပင်ပန်းပေမယ့်ပင်ပန်းရကျိုးနပ်တဲ့ကားလေးပါ” လို့ဆိုထားပါတယ်။

အဆိုပါ နာမည် ကျန်နေရစ်မယ် ဇာတ်ကားမှာ ဖျာပုံလှမိုးနွယ်ရဲ့ ဝတ္ထု ကို မျက်ခြယ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၊ ဒါရိုက်တာ သန့်ဇင်အောင်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

နာမည်ကျန်နေရစ်မယ် ဇာတ်ကားကို သရုပ်ဆောင် ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းအိန္ဒြာဗို၊ အိချောပို နဲ့ ဇော်ဝင်းနိုင်တို့အပြင်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။

Source: ဇေရဲထက်ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။