လက်ရှိ ပြုလုပ်နေတဲ့ World MMA Awards ဆုပေးပွဲအတွက် စကာတင်စာရင်းထဲမှာ နိုင်ငံဂုဏ်ဆောင်ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းလည်းပါဝင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ World MMA Awards ဆုပေးပွဲကြီးကတော့ MMA လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုပေးပွဲကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော်MMA လက်ဝှေ့ဖိုက်တာများစွာလည်းပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ World MMA Awards ဆုပေးပွဲနဲ့ပတ်သက်ပြီးအောင်လကတော့ " ကျွန်တော့်မိတ်ဆွေတွေအတွက်အသိပေးချင်တဲ့သတင်းစကားတစ်ခုရှိပါတယ်။ တစ်ချို.လည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ အဲ့ဒါက MMA လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ World MMA Awards ဆုပေးပွဲမှာကျွန်တော့်အမည်စာရင်းထည့်သွင်းခံထားရတယ်ဆိုတာပါပဲ။Fighters Only Magazine က ပြုလုပ်တဲ့ ဒီဆုပေးပွဲဟာ နိုင်ငံတကာမှာရှိတဲ့ MMA ပြိုင်ပွဲတွေထဲက ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး ဆုကိုတော့ ပရိတ်သတ်ပေးတဲ့ Vote နဲ့ ရွေးချယ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်အခုကျွန်တော့်အမည်စာရင်း ထည့်သွင်းလျာထားခံရတဲ့ ဆုတွေဟာ “ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆု” ချီးမြင့်သလိုမျိုး MMA ထူးချွန်ကစားသမားတွေအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ ဆုတွေဖြစ်ပါ တယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

ဒါအပြင် အောင်လအန်ဆန်းကတော့ " အဲ့ဒီရင်ခုန်စရာကောင်းတဲ့ ဆုစာရင်းမှာ ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးက အထင်ကရ ဖိုက်တာတွေနဲ့ တစ်တန်းတည်းဖြစ်တဲ့ Charles “Mask” Lewis Fighter of the Year ဆုအတွက် လျာထားခြင်းခံရတာဖြစ်ပါတယ်။ အဲ့ဒီအပြင်နောက်ထပ်ဆုအမျိုးအစားတစ်ခုဖြစ်တဲ့ International Fighter of the Year ဆုအတွက်လည်း နိုင်ငံတကာ MMA Fighter တွေနဲ့ အပြိုင်လျာထားခြင်းခံရပါတယ်။ ဒီဆုတွေက ပရိတ်သတ်တွေ ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး ပေးအပ်တာမျိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိတ်သတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိတ်သတ်တွေကပေးမဲ့ Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလည်မှာ ပိုမိုသိလာစေမယ့်အပြင် ကျွန်တော်တို့နိုင်ငံကိုလည်းပိုပြီးလူသိများလာစေနိုင်မယ့်အခြေအနေမျိုးလည်းဖြစ်ပါတယ်။ " ဟူ၍ ထပ်မံပြောကြားထားတာတွေ့ရပါတယ်။ အောင်လအတွက် Vote ပေးချင်တဲ့ ပရိတသ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။