ကစ်ကစ်ပရိသတ်ကြီးက မကြာခဏမေးတယ်နော်..

လာမယ့်သင်္ကြန် ကစ်ကစ် ဘယ်မှာရှိမှာလဲ….

အခုတော့ ကစ်ကစ်ကပြောလိုက်ပါပြီနော်….

WetNationမှာ ကစ်ကစ် ရှိနေမှာပါတဲ့ 

“My Wetnation fever ??

Dj lines up တွေ so so good ??

ရှိမယ် လာခဲ့ကြနော်

သူတွေရှိမှာလည်းပြောအုံး

တွေတဲ့သူ ကိုရေပက်မယ် ဒါဘဲ” ဆိုပြီ..ကစ်ကစ်ကဆိုထားပါတယ်။

ကစ် လက်ထဲမှာတော့ လက်မှတ်နှစ်စောင်ရှိတာကြောင့် ကစ်ကစ်ဘယ်သူနဲ့အတူ

WetNation ကိုသွားမလဲဆိုတာကတော့ ပရိသတ်တွေကြားစိတ်ဝင်စားမှုဖြစ်နေပါတယ်။

မကြာသေးခင်ကလည်း သင်္ကြန်အကြို အဖြစ် ခရစ်ယာန်သီလရှင်ကျောင်းမှာ ဝတ်မှုန်ရွှေရည် က အလှူလုပ်ခဲ့ပါသေးတယ်။ ကစ်ကစ်ဟာ သူ့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ သင်္ကြန်အကြိုအလှုအဖြစ် ဧပြီလ(၈)ရက်နေ့က သိမ်ဖြူလမ်းက ခရစ်ယာန်သီလရှင်ကျောင်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ကစ်ကစ်နဲအတူ တစ်ခြားအနုပညာရှင်တွေရှိမယ့်

The One Entertainment Park မှာပြုလုပ်တဲ့ WetNation မှာဆိုရင်

Pool Party ၊ Foam Party ၊ Water Fight စတဲ့ပျော်စရာအစီအစဉ်တွေရှိနေပြီး DJ တွေအနေနဲ့ Kura ၊ Kill The Noise ၊ Garmiani ၊ Henry Fong ၊ Tom & Jame ၊ Mari Ferrari ၊ Marnik Angelo ၊ Deuce ၊ Bounce Squad ၊ Tony Junior ၊ Yukie ၊ IVY ၊ Borgore ၊ Yves V ၊ Jenil တို့ရဲ့ DJ ဖန်တီးမှုတွေကို တောက်လျှောက်ခံစားရမှာပါ။

Source: တ်မှုန်ရွှေရည်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။