နှုတ်ခမ်းနီမလေးတွေအသဲစွဲ ဂျင် တစ်ဖြစ်လဲ အဆိုတော် G Fatt ကတော့

သင်္ကြန်အတွက် အိုးမဲတီရှပ်ဖြန့်ချီမယ်လို ဆိုပါတယ်။

ဒီနေ့ညနေ (9.4.2017) (MDY) Diamond Plaza မှာ တွေ့မယ်ဆိုပြီး

အဆိုတော်G Fatt ကသူ့ပရိတ်သတ်တွေကိုဖိတ်ကြားခဲ့သလို အဆိုပါဝတ်စုံဒီဇိုင်းကိုတော့

ဒီဇိုင်နာ Myo Han Tun ကဒီဇိုင်းဆွဲပေးထားတာပါ။မကြာခင်ကာလက ထွက်ရှိတဲ့

Ice Cold နဲ့ G Fatt တို့သီဆိုထားတဲ့ ခွက်စောင်းခုတ်ချက် သီချင်းကလည်းလူငယ်တွေကြား ရေပန်းစာနေပါတယ်။ 

G I N ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ်အစားတွေ ဖြန့်ချိနေတဲ့ G Fatt ကတော့ သင်္ကြန်အတွက် G I N အိုးမဲ Tee အိုးမဲတီရှပ်ဖြန့်ချီခဲ့တာပါ။ အဲ့ဒီအကျႌကတော့ သင်္ကြန်အတွက် ရည်ရွယ်ပြီး ဖြန့်တာဖြစ်ကာ စျေးနှုန်းကိုလည်း အသက်သာဆုံး စျေးနှုန်းနဲ့ပဲ ရောင်းမယ်လို့ ဆိုပါတယ်။ OMG ဆိုင်တိုင်းမှာ လက်လီ ဝယ်ယူနိုင်ပေမယ့်သင်္ကြန်နီး ကားဂိတ်အခက်အခဲကြောင့် နယ်မပို့တော့ပါလို့လည်း သိရပါတယ်။

Source: G Fatt ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။