လူရယ်လို့ဖြစ်လာရင်ကံကောင်းခြင်းတွေနဲ့အတူ ကံဆိုးခြင်းတွေကတော့ အမြဲဒွန်တွဲလိုက်ပါလျှက်ရှိတာပဲဖြစ်ပါတယ်။ လူဘဝတစ်ခုပိုင်ဆိုင်ထားရပြီဆိုကတည်းက ကံကောင်းခြင်းတွေနဲ့အတူ ပျော်ရွှင်နေသူတွေများစွာရှိသလို ကံဆိုခြင်းတွေနဲ့အတူ နေ့စဉ်စိတ်သောကရောက် သေကြောင်းကြံစည်သူတွေကလည်းများစွာရှိနေတာကိုတွေ့ရပါတယ်။ မကြာသေးမီကလည်း ပြည်တွင်းရှိအမျိုးသားတစ်ဦး လမ်းမပေါ်တွင် သေကြောင်း ကြံစည်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ပြည်တွင်းရှိ ကသာမြို့မီးပွိုင့်အနီးမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး " အမျိုးသားတစ်ဦး ကလေးငယ်တစ်ယောက်နဲ့အတူ လမ်းဖြတ်ကူးနေချိန် တစ်ဖတ်မှလာသော သုံးဘီဆိုင်ကယ်အရှေ့သို့ ဝမ်းလျားမှောက် သေကြောင်း ကြံစည်ခဲ့တာဖြစ်ကြောင်း " CCTV မှတ်တမ်းတစ်ခုအရသိရပါတယ်။  

သုံးဘီးမောင်းနှင်လာသူရဲ့ ကျွမ်းကျင်မှုနဲ့ သတိကြောင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့ပြီး အသက်အန္တရယ်မဆိုးရိမ်ရပေမယ့် ဘယ်လိုအကြောင်းကြောင့် သေကြောင်းကြံစည်ရလည်းဆိုတာကတော့ အားလုံးလည်းမသိနိုင်ခဲ့ပါဘူး။ ကလေးငယ်ကို လက်လွှတ်ကာ သုံးဘီဆိုင်ကယ်အရှေ့သေကြောင်းကြံစည်ခဲ့တဲ့ အဆိုပါ အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDE0 - TUN MIN NAUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။