မကြာခင်မှာ လက်ထပ်တော့မယ့် သရုပ်ဆောင်မိုးယုစံ နှင့် ကမေ႓ာဇ ပိုင်ရှင်ရဲ့သား ပိုင်းလော့ စွမ်းသူမိုး တို့ က မင်္ဂလာပွဲကို လေးခုခွဲ၍ နေရာ ၄ နေရာခွဲ၍ ကျင်းပသွားမယ်လို့သိရပါတယ်။

ကမေ႓ာဇ လုပ်ငန်းစုဟာ နေရာ အနှံ့မှာ ပြန့်နှံ့ နေသလို အရှိန်အဝါလဲ တော်တော်ကြီးလှပါတယ်။ မိုးယုစံနှင့် စွမ်းမိုးသူတို့ရဲ့ မင်္ဂလာပွဲမှာ ဖိတ်ကြားရမယ့် သူ များလွန်းလှတဲ့ အတွက် မင်္ဂလာဆောင် ၄ ခု ကို ခွဲပြီးတော့ ကျင်းပသွားမယ်လို့သိရပါတယ်။

အဲ့ဒီအကြောင်းကိုတော့ မကြာခင် မှာ မိုးယုစံရဲ့ ယောက္ခထီး ဖြစ်လာတော့မဲ့ ဦးမိုးစံနောင်က

'ကျွန်တော့် နဲ့ ချစ်ဇနီး Khin Myo Swe တို့ရဲ့..တစ်ဦးတည်းသောသားလေး...မောင်စွမ်းသူမိုး(Pilot Air KBZ)နဲ့ ရုပ်ရှင်သရုပ်ဆောင်.. မမိုးယုစံ တို့ကိုမိဘတို့ဝတ္တရားရှိသည်နှင့်အညီအောက်ပါအစီအစဉ်များအတိုင်းလေးနေရာခွဲ၍...

.ထိမ်းမြားမင်္ဂလာဆောင်နှင်းပေးသွားမည်ဖြစ်ပါသည်...

@@@@

@ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ..October 18th(Tuesday) 10 am to 12 pm Sedona Hotel Grand Ballroom ...

@ မင်္ဂလာဦးဆွမ်းကပ်..October 20th(Thursday) 10 am to 12 pm..မဟာစည်သာသနာ့ရိပ်သာ..

@ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာ..October 29th(Saturday)..10 am to 12 pm..Melia Hotel Yangon Grand Ballroom..

@ မင်္ဂလာညစာစားပွဲ...October 31st(Monday)...0630 pm to 10 pm...Novotal Yangon Max Grand Ballroom....

$$$$

KBZ လုပ်သက်တလျောက်များပြားလှသောလုပ်ငန်းတာဝန်များနှင့်ဆက်စပ်ကာ မိတ်ဆွေအပေါင်းအသင်းများတိုးပွားလာရာတစ်နေရာတည်းဖြင့်မိတ်ဆွေအကုန်လုံးအားဖိတ်ကြားရန်မလုံလောက်ပါသဖြင့်အခြေနေအရပ်ရပ်ပေါ်မူတည်၍ယခုကဲ့သို့နေရာခွဲကာဖိတ်ကြားသွားမည်ဖြစ်ပါသဖြင့်..နားလည်ပေးနိုင်ပါရန်နှင့်ရောက်ရှိလာသောဖိတ်စာအတွင်းတွင်ပါရှိသည့်အချိန်နေရာအတိုင်းကြွရောက်ချီးမြှင့်ပေးနိုင်ပါရန်လေးစားစွာကြိုတင်..ဖိတ်ကြားအပ်ပါသည်...မကြာမီဖိတ်စာများအားပေးဝေသွားပါမည်..ကြွရောက်ချီးမြှင့်ပေးမည်ဆိုပါကအထူးကျေးဇူးတင်ရှိမှာဖြစ်ပါကြောင်း....

လေးစားစွာဖြင့်....

ဦးမိုးဆန်းအောင်(KBZ)+ဒေါ်ခင်မျိုးဆွေ(ဗဟိုဘဏ်အရာရှိဟောင်း)' ယခုသူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ခဲ့ပါတယ်။

မင်္ဂလာ အကြို ဓာတ်ပုံတွေကိုတောင် ကြီးကျယ်ခမ်းနားစွာရိုက်ခဲ့တဲ့ဒီစုံတွဲ ရဲ့ မင်္ဂလာဆောင်ဟာ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားဦးမှာလဲ?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။