လစဉ်အမြဲရွေးချယ်ပေးနေတဲ့ မြန်မာ့အောင်ဘာလေထီမှာ သိန်းဆုရှင်ကြီးတွေကတော့ ပရိသတ်တွေကြားမှာများစွာရှိခဲ့ပါပြီ။ လက်ရှိ မေလအတွက်လည်း သိန်းဆုရှင်များစွာကို ရွေးချယ်ပေးခဲ့ပြီး ပရိသတ်တွေမျှော်လင့်နေတဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုရှင်တစ်ဦးကတော့ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။  

၂၀၁၉ မေ ၁ရက်နေ့ကဖွင့်လှစ်ခဲ့သည့်(၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှအမြင့်ဆုံးဆုဖြစ်သည့်ကျပ်သိန်း(၁၅၀၀၀) ဆုကိုဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့မှအမျိုးသားတစ်ဦးကဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ပုသိမ်မြို့တက်ဆိပ်ရပ်ကွက်မှအမျိုးသားတစ်ဦးက ၁၀ စောင်တွဲထီလက်မှတ် များထဲမှ ကခ- ၅၈၅၀၂၄ နံပါတ်ဖြင့် ကျပ်သိန်းတစ်သောင်းခွဲ ကံထူးခဲ့ခြင်းဖြစ်ပြီး ၃ကြိမ်မြောက် သိန်းတစ်သောင်းခွဲကံထူးရှင်အဖြစ်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။  

(၃) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း (၁၅၀၀၀) ပိုင်ရှင်ကို ဖွင့်လှစ်သည့်နေ့တွင်မသိရှိခဲ့ဘဲ မေ ၂ ရက်နေ့ ည ၉နာရီ ၁၄ မိနစ်မှသာ ပုသိမ်အခြေစိုက်သည့် ထီရောင်းချသူတစ်ဦးက ၎င်း၏ Facebook တွင် တင်ခဲ့ရာမှ ကံထူးရှင်ကို သိရှိရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဧပြီ ၁ က ထွက်ခဲ့သည့် (၂)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှကျပ် သိန်း (၁၅၀၀၀) ဆုကိုလည်း ဧရာဝတီတိုင်းကျောင်းကုန်းမြို့ အမှတ်(၃)ရပ်ကွက်မှ ဇနီးမောင်နှံက ဆွတ် ခူးခဲ့တာဖြစ်ပြီး လက်ရှိ ၃ ကြိမ်မြောက်ထီကိုလည်း ပုသိမ်မြို့မှ အမျိုးသားတစ်ဦးကထပ်မံဆွတ်ခူးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photos - Mi Mi Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။