နေ့စဉ်နီးပါးရှိနေတဲ့ ပြည်တွင်းလူသေဆုံးမှုတွေထဲမှာ မတော်တဆသေဆုံးမှုတွေကတော့ များစွာရှိနေပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေသာမက အသက်အရွယ်ရရှိနေတဲ့ လူကြီးတွေလည်း မတော်တဆဖြစ်စဉ်တွေကြောင့် အသက်ပေးခဲ့ရသူတွေများစွာရှိနေပြီး မကြာသေးမီကလည်း ပြည်တွင်း အထက်တန်းကျောင်းသား ကလေးငယ်သုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်တွေကတော့ ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။  

ချင်းပြည်နယ် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်တွင် အင်္ဂလိပ်စကားပြောသင်တန်းတက်ရောက်နေသော သင်တန်းသား/သူများသည် ဗါးရ်ကျေးရွာအနီးရှိ မဏိပူရမြစ်တွင် ပျော်ပွဲစားထွက်ရာ ရေဆင်းချိုးရာမှ သင်တန်းသား(၃)ဦး ရေနှစ်သေဆုံးကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်တွင် ဖွင့်လှစ်သော Modern English for Chin New Generation(MECNG)တွင် အင်္ဂလိပ်စကားပြောသင်တန်းတက်ရောက်နေသော သင်တန်းသား/သူ(၂၉)ဦးတို့သည် သင်တန်းဆရာ ဦးလာလ်ဟရွတ် ဦးဆောင်ပြီး မဏိပူရ်မြစ်သို့ ယမန်နေ့ မေ ၁ နံနက် ၉ နာရီက ဖလမ်းမြို့မှ မော်တော်ယာဉ်ဖြင့် ပျော်ပွဲစားထွက်ခဲ့ရာ မဏိပူရ်မြစ်တွင် နံနက် ၁၁ နာရီခွဲခန့်က ရေဆင်းချိုးသူများအနက် Pa Uk Hre ih fapa Joel Ngun Tha Thuan kum (12)AG, Pa San Piang ih fapa Salai Nei Lian Sang kum(9) GBC, Nu Thang Kip Tial ih fapa Salai Lal Tha Kim kum(10) PCM Vengpi တို့သည် ရေစီးဖြင့်မျောပါနှစ်မြုပ် သေဆုံးခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။  

ရေနှစ်မြုပ် သေဆုံးသူများရဲ့ ရုပ်အလောင်းတွေကို ဖလမ်းမြို့ မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ငွေစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ဖလမ်းခရိုင်မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အနီးနားရှိ ကျေးရွာများမှ ပြည်သူများက ဝိုင်းဝန်း ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး အလောင်းများကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားကြောင်း သိရပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့အဆိုပါ ဖြစ်စဉ်ရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Ye Yint AUng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။