ဒီထူးဆန်းတဲ့ ကောင်မလေးရဲ့ ဖြစ်ရပ်က ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေပေမယ့် လူတွေအတွက်တော့ ယုံရခက် မယုံရခက်ပါပဲ။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Katarniaghat အမည်ရ တောအုပ်မှာ မျောက်တစ်အုပ်နဲ့ နေထိုင်နေတဲ့ မိန်းကလေးငယ်တစ်ဦးကို သစ်ခုတ်သမားတွေက တွေ့မြင်ခဲ့ပါတယ်။

အဆိုပါမိန်းကလေးရဲ့ အသက်အရွယ်ကတော့ (၈)နှစ်မှ (၁၂)နှစ် ဝန်းကျင်ခန့်လောက်ရှိနိုင်ပြီး သူမကို လွန်ခဲ့တဲ့ နှစ်လအကြာထဲက တွေ့ရှိတဲ့သူတွေက ဆေးရုံပို့ပေးထားတယ်လို့သိရပါတယ်။ ဒါပေမယ့် သူမရဲ့ သတင်းတွေကတော့ ဒီတစ်ပတ်အတွင်းမှ လူသိများလာခဲ့တာဖြစ်ပါတယ်။ အဆိုပါမိန်းကလေးကို သစ်ခုတ်သမားတွေ စပြီးတွေ့ရှိခဲ့တဲ့အချိန်မှာ သူမတစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေရှိနေခဲ့ပါတယ်။

မိန်းကလေးငယ်ဟာ မျောက်တွေရဲ့ အမူအကျင့်အတိုင်း ကျင့်ကြံနေထိုင်နေတာဖြစ်ပြီး တစ်ချို့ကတော့ သူမကို မျောက်အုပ်တွေက မွေးမြူကယ်တင်စောင့်ရှောက်ထားတာဖြစ်နိုင်သလို အချို့ကတော့ သူမက ဉာဏ်ရည်မမီတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် မိဘရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတာဖြစ်နိုင်တယ်လို့ အမျိုးမျိုး ထင်မြင်ချက်ပေးကြပါတယ်။

အဆိုပါမိန်းကလေးရဲ့ ဇစ်မြစ်ကိုတော့ ဘယ်သူမှ အတိအကျမသိကြသေးဘူးလို့ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါမိန်းကလေးဟာ စကားလုံးအချို့ကို သင်ယူတတ်မြောက်နေပြီဖြစ်သလို ပြုံးတက် ရယ်တတ်နေပြီဖြစ်တယ်လို့ သူမကို ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောကြားထားပါတယ်။  

သတင်းအရင်းမြစ် CGTN Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။