အမျိုးသမီးနဲ့ကလေးကို အသက်လောက်တန်ဖိုးထားချစ်တော့ ဆုပန်ထွာတို့ကံကောင်းတာပေါ့နော်…

အမျိုးသားတွေက ချစ်ရင် အဲ့လောက်အထိချစ်တက်ကြပါတယ်။အခုဆိုရင် ဆုပန်ထွာအမျိုးသားဖြစ်သူ

ကိုဥက္ကာကျော်က

“ ကျွန်တော့ရဲ့မိသားစုလေးကို ကျွန်တော့ရဲ့ အသက်လောက် တန်ဖိုးထားပြီးချစ်ပါတယ်။

မိန်းမနှင့်သားအတွက်ဆိုကျွန်တော် ဘာမဆိုလုပ်ရဲတယ်။

ပိုက်ဆံတွေအများကြီးချမ်းသာတဲ့လူတွေထဲမှာမပါပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ စိတ်တော့ချမ်းသာတယ်။”

လို့သူဖေ့ဘွတ်မှာရေးသားထားပါတယ်။ဆုပန်ထွာဟာ ပထမဆုံးရင်သွေးလေးကို ၀ိတိုရိယဆေးရုံမှာ ၂၀၁၆ စက်တင်ဘာ ၁၅ ရက်က မွေးဖွားခဲ့ပါတယ်။ 

၂၀၁၆ခုနှစ်အောက်တိုဘာ တုန်းကလည်း ဆုပန်ထွာတစ်ယောက် ခင်ပွန်းဖြစ်သူ ဥက္ကာကျော်ဆီက မွေးနေ့လက်ဆောင်အနေနဲ့ စိန်နားကပ်တစ်ရံ လက်ဆောင်ရခဲ့တယ်လို့ သိရပါတယ်။ အဲ့အချိန်တုန်းကလည်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လက်ဆောင်ကြောင့် ဆုပန်ထွာ တစ်ယောက် ပျော်နေတဲ့သတင်းလေးကလည်းကြည်နူးစရာပါ။

Source:ဆုပန်ထွာဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။