သူငယ်ချင်းအချင်းချင်း အတူတူသွား၊ အတူတူစားရင်း နေလာလိုက်ကြတာ။ အခုတလော သူ့သင့်အပေါ် အမူအရာ၊ အပြုအမူတွေပြောင်းလာတာ သင် သတိထားမိနေပြီလား။ သင့်ကို crush နေပြီဆိုရင် ဘယ်လိုအပြုအမူလေးတွေ သူလုပ်လာနိုင်လဲ ကြည့်ကြည့်ရအောင်နော်။

၁။ ပွေ့ဖက်ခြင်း

အခုခေတ်မှာတော့ အားလုံးပွင့်ပွင့်လင်းလင်းဖြစ်လာတဲ့အချိန်မှာ သူငယ်ချင်းယောက်ျားလေးနဲ့ မိန်းကလေးတွေ ပွေ့ဖက်ကြတာ အဆန်းမဟုတ်တော့ပါဘူးနော်။ အဲ..ဒါပေမယ့် ခဏခဏ သင့်လက်ကလေးကို ကိုင်ဖို့ ကြိုးစားနေမယ်၊ သင့်ကို အထူးအဆန်းကိစ္စတစ်ခုခုမရှိပဲ ပွေ့ဖက်နေမယ်ဆိုရင်တော့ ဒါသေချာပါတယ်။ သင့်အထိအတွေ့မှာ သူ စတင်မျောပါနေပါပြီ။

၂။ နီးကပ်ခြင်း

အရင်ကထက် နီးနီးကပ်ကပ်နေလာပါလိမ့်မယ်။ သူ့ကို သတိထားကြည့်လိုက်ပါ။ သင်ခေါ်တဲ့ ဘယ်နေရာကိုမဆို သူလိုက်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ နောက်ပြီးတော့ သူငယ်ချင်းတွေ ဆုံကြပြီး ဘာပဲလုပ်လုပ် သူက သင့်ရဲ့ ဘေးမှာ ဒါမှမဟုတ် အနီးဆုံးနေရာမှာပဲ ရှိနေပါလိမ့်မယ်။ တစ်ခါတစ်လေကျတော့ ဒါမျိုးတွေက သူလည်း လုပ်ယူတာမဟုတ်ပဲ သူ့စိတ်က အလိုလို တွန်းပို့ပြီးသားဖြစ်နေတတ်တာလေးတွေပါ။

၃။ အကာအကွယ်ပေးခြင်း

သာမာန်သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး သင့်ကို အကာအကွယ်ပေးလာပါလိမ့်မယ်။ မိုးရွာမယ့်နေ့မှာ ချိန်းထားရင် သင့်အတွက် ထီးယူလာပေးတာပဲဖြစ်ဖြစ်၊ ကားလမ်းကူးရင် သင့်လက်ကလေးကိုင်ပြီးကူးပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါလိမ့်မယ်။ အရင်ကထက် သင့်ကို စိတ်ပူနေတဲ့ အပြုအမူအပြောအဆိုလေးတွေပေါ့။

၄။ စိတ်တိုခြင်း

အရင်ကထက် ပိုပြီး စိတ်ပူလာတဲ့အတွက် အရင်ကထက် ပိုပြီး စိတ်တိုတတ်လာပါလိမ့်မယ်။ သူ မကြိုက်တဲ့သူငယ်ချင်းနဲ့ အပြင်သွားမိရင် အသံကျယ်ကျယ်နဲ့ ပြောပါလိမ့်မယ်။ အေးတဲ့နေ့မှာ အနွေးထည်ဝတ်မလာရင်လည်း မပြောချင်ဘူးဆိုတဲ့ မျက်လုံးကြီးနဲ့ ကြည့်ပါလိမ့်မယ်။ ပြီးရင် လိုအပ်သမျှကို ပွစိပွစိလုပ်ရင်း သူအကုန်လိုက်လုပ်ပေးလာပါလိမ့်မယ်။

ယေဘူယျအားဖြင့် သင့်သူငယ်ချင်းကောင်လေးက ဒီလေးချက်နဲ့ ကိုက်ညီနေပြီဆိုရင် သူ့မသိစိတ်ထဲကနေတောင် သင့်ကို ခွက်နေပြီလို့ ခန့်မှန်းလို့ရပါတယ်။ သူငယ်ချင်းနဲ့ ချစ်သူဖြစ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သဘောထားခြင်းမတိုက်ဆိုင်လို့လမ်းခွဲကြမယ်ဆိုရင်တော့ သင့်အတွက် BFF တစ်ယောက်ကို ဆုံးရှုံးသွားမှာဖြစ်လို့ အလွယ်တကူ မချစ်ဖို့နဲ့ အလွယ်တကူ လမ်းမခွဲဖို့ရယ် တောင်းဆိုချင်ပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။