အဆိုပါကိစ္စရပ်နဲ့ပတ်သတ်ပြီး T.O.R.I Cosmetics (USA) LLC မှာ

Founder နှင့် CEOဖြစ်သူ Victoria Hunny Wynn က

☀️မင်္ဂလာပါ ?

ကျွန်မနှင့် မွေးဖွားကြီးပြင်းရာ ဇာတိတူသူ မြန်မာနိုင်ငံမှ နိုင်ငံကျော် အဆိုတော် Myanmar Idol Season 2 First Runner-up Billy La Min Aye ၏ "Japan-America-Scandinavia" Northern Hemisphere 2017 Summer Tour (မြောက်ကမ္ဘာခြမ်း ၂၀၁၇ နွေရာသီခရီးစဉ်) အတွက် လည်းကောင်း ၊ အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ် မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးငယ်များနှင့် ကျင်းပမည့် 1st Miss Myanmar - USA 2017 Pageant အလှမယ်ရွေးချယ်ပွဲကြီးအတွက်လည်းကောင်း ...

T.O.R.I Cosmetics (USA) Limited Liability Company မှ Cosmetic Sponsor အဖြစ် ပါဝင်ပံ့ပိုး ကူညီဆောင်ရွက်ခွင့် ရရှိပါသဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါ သည်။

နှစ်စဉ် ဘီလီလမင်းအေး၏ နိုင်ငံခြားခရီးစဉ်များ နှင့် နှစ်စဉ် Miss Myanmar - USA Pageant အလှ မယ်ရွေးချယ်ပွဲကြီး တို့အတွက် T.O.R.I Cosmetics (USA) LLC မှ ဆက်လက်ပြီး Cosmetic Sponsor အဖြစ် ပါဝင်ပံ့ပိုး ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းလည်း အသိပေး ကြေညာအပ်ပါ သည်။

Victoria Hunny Wynn

Founder and CEO

T.O.R.I Cosmetics (USA) LLC” ဆိုပြီးပြောထားပါတယ်။ 

Myanmar Idol Season 2 First Runner-up ဆုရှင် ဘီလီလမင်းအေး အနေဖြင့်

"Japan-America-Scandinavia" Northern Hemisphere 2017 Summer Tour (မြောက်ကမ္ဘာခြမ်း ၂၀၁၇ နွေရာသီခရီးစဉ်) ၊ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် 1st Miss Myanmar - USA 2017 Pageant အလှမယ်ရွေးချယ်ပွဲကြီးတို့တွင်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအနုပညာ ဆောင်ရွက်ချက်များတွင် Cosmetic Sponsor အဖြစ် T.O.R.I Cosmetics (USA) LLC မှ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

Source: Victoria Hunny Wynn ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။