ပြည်တွင်းသတင်းထောက်လောကသာမက နယ်ပယ်ဒေသအသီးသီးမှာရေပန်းစားခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ သတင်းကိုတော့ အားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ မေလ ၇ရက်နေ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သမ္မရုံး အမိန့်ကြေညာစာအမှတ် ၁၆/၂၀၁၉ အရ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားအကျဉ်းသူ (၆၅၂၀) ဦးကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ပါဝင်လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။ 

သမ္မတရုံးမှ နှစ်သစ်ကူး လွတ်ငြိမ်းသက်သာခွင့် အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းကတော့ ဒီကနေ့အပါအဝင် သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်အရေးနှင့် ပတ်သက်ပြီး သတင်းရယူရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာများတွင်လည်း ဖော်ပြခြင်းခံခဲ့ရတာလည်းတွေ့ရပါတယ်။  

ဒီကနေ့ လွတ်မြောက်ခဲ့တဲ့ အကျည်းသား ၆၅၂၀ ဦးမှာတော့ နိုင်ငံကျော်မင်းသား မိုးအောင်ရင်လည်း ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးကြိုဆိုမှုကိုရရှိခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တဲ့အဆိုပါ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - THE NYANG NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။