ပြည်တွင်းဖြစ်ပျက်နေတဲ့ ပြဿနာတွေထဲမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဿနာတွေကတော့ ပရိသတ်တွေကြားမှာများစွာရှိနေပါတယ်။ အဆိုပါ ပြဿနာတွေကို နည်းလမ်းအမျိုးမျိုးဖြစ် ဖြေရှင်းခဲ့ပေမယ့် ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်းမရှိသေးပဲ ယနေ့အထိရေပမ်းစားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မေလ ၇ရက်နေ့မှာတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။  

ဒီပွဲကို မေ ၇ ရက်နဲ့ ၈ ရက်၂ ရက်တာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace Myanmar) တည်ထောင်သူ ဦးအေးလွင်က ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးမှာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ဘုံစိန်ခေါ်ချက်၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အခွင့်အရေး၊ အမျိုးသမီးအရေး၊ ပညာရေး ကဏ္ဍတွေမှာ ဖြေရှင်းဆောင်ရွက်နိုင် နည်းလမ်းတွေ ရှာကြမယ်လို့လည်း ဦးအေးလွင်က ပြောပြထားပါတယ်။ 

ဒါ့အပြင် ဘာသာတရားကို နိုင်ငံရေးမှာ Political Tool အဖြစ် အသုံးချခြင်း ခံနေတယ်။ ဒီလို အသုံးချနေတာတွေကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးဘက်ကနေ အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေနဲ့ အစားထိုးဖို့ကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဦးအေးလွင်က ပြောပြခဲ့ပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြုလုပ်တာ ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ကျင်းပခဲ့တဲ့ အဆိုပါ ပွဲကိုတော့ ပြည်တွင်းတာဝန်ရှိသူများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အတူ ဘာသာရေးအကြီးအကဲများစွာတက်ရောက်ခဲ့ကြောင်း သိဗရပါတယ်။

SOURCE - BBC BURMESE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။