ဧပြီလအပြီး ကတည်းက ပြည်တွင်းနှစ်သစ်ကူးအနေဖြင့် ပြုလုပ်ခဲ့တဲ့ ပြည်တွင်းအကျဉ်းသားထောင်ပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်သတင်းတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို သုံးကြိမ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ပြည်တွင်းအကျဉ်းထောင်များစွာမှ အကျဉ်းသားသောင်းချီကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ မေလ ၇ရက်နေ့မှာလည်း အကျဉ်းသား ၆၅၂၀ ဦးကို တတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။  

ဒီကနေ့ တတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်မှတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင်အရ မူးယစ်ဆေးဝါးမှုဖြင့် အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ဦးစားပေးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်မှ အကျဉ်းသား၊သူများစွာကို မိသားစုဖြင့် ပြန်လည်စုံစည်စေနိုင်ခဲ့ပြီး ကြည်နူးစရာအပြုံးတွေကိုလည်း တွေ့မြင်ခဲ့ရတာတွေ့ရပါတယ်။  

ဒီကနေ့ လွတ်မြောက်ခဲ့တဲ့ မူးယစ်ဆေးဝါးအကျဉ်းသားအချို့ရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေရင်ထဲကို ထိစေခဲ့မှာအမှန်ပဲဖြစ်ပါတယ်။ မေလ ၇ရက်နေ့ ဒီကနေ့ ပြည်တွင်း တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။