ယနေ့ ၄ လပိုင်း ၁၀ ရက်နေ့ဟာစိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့ဖြစ်ကြောင်း လူတော်တော်များများသိကြပါတယ် ။

နှစ်တိုင်း Birthday Show လုပ်လေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ဒီနှစ်မှာလဲ မန္တလေးမှာ သူ့ရဲ့ ပရိတ်သတ်တွေနဲ့

Birthday Show ကို အကြီးအကျယ် ပြုလုပ်ဦးမှာပါ ။

လူတော်တော်များများစိတ်ဝင်စားနေတာကတော့

စိုင်းစိုင်းဘယ်နှစ်နှစ်ပြည့်တာလဲဆိုတာပါပဲ ... အောင်မြင်မှုကိုဆယ်စုနှစ်ကျော်အောင် ထိန်းသိမ်းထားနိုင်တဲ့

စိုင်းစိုင်းကတော့ ... အရွယ်မျိုးစုံပရိတ်သတ်တွေလဲရှိနေပါပြီ ... သူတို့ကို စိုင်းစိုင်း Army လို့ ချစ်စနိုးခေါ်ကြပါတယ် ။

ခုလဲ စာရေးဆရာမ ပန်ဆယ်လို က စိုင်းစိုင်းရဲ့ Birthday Show ကို သက်ကြီးပူဇော်ပွဲလို့ပြောပြီး စိုင်းစိုင်း Army တွေကို စနောက်လိုက်ပါတယ် ။

စိုင်းစိုင်းကတော့ သူ့ကိုဘယ်လိုပြောပြောစိတ်မဆိုးတာ တိုင်းသိပြည်သိပဲမို့ ... စိုင်းစိုင်း Army တွေကို Target ထားပြီး နောက်တာပါ ...

နောက်မှာတော့ ပန်ဆယ်လိုက စိုင်းစိုင်းအပေါ် သူမရဲ့ အမြင်ကိုဖွင့်ပြောပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ် ...

Birthday Kiss တောင်ပေးလိုက်သေးရဲ့ ... မပန်ကတော့နောက်တယ်နော် ... 

ပရိတ်သတ်ထဲမှာရော စိုင်းစိုင်းကိုချစ်တဲ့သူတွေရှိလား ?

Source : ပန်ဆယ်လို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။