လတ်တလောအဖြစ်များနေတဲ့ ပြည်တွင်း မိုးရွာသွန်းမှုပြင်းထန်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတွေကတော့ မကြာခဏဆိုသလို ကြားသိနေရဆဲဖြစ်ပါတယ်။ မိုးရွာသွန်းမှုပြင်းထန်ခဲ့မှုတွေကြောင့် ဒေသများစွာမှာ နေအိမ် အဆောက်အဦးများပျက်စီးမှုတွေနဲ့အတူ သစ်ပင်ပြိုလဲမှု အမိုးလန်မှုတွေကတော့ မရေမတွက်နိုင်အောင်ရှိခဲ့တာတွေ့ရပါတယ်။  

မေလ ၆ရက်နေ့ မနေ့ကလည်း ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်တောင်ပို့တစ်ရာ၊ဖားလက်ခို ၊ ကူးတို့ဆိပ် နှင့် နန်းတော်ကျွန်းကျေးရွာအုပ်စုတို့တွင် မေလ ၆ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် လေးလုံး အမိုးလန်၍ ငါးလုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မိုးရွာသွန်းမှုကြောင့် ပစ္စည်းဆုံးရှုံးမှုများစွာရှိခဲ့ပေမယ့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်းသိရပါတယ်။ လက်တလောဖြစ်ပွားနေတဲ့ ပြည်တွင်း ဆိုးဆိုးရွားရွားမိုးရွာသွန်းမှုတွေထဲက ဇလွန်မြို့အတွင်းပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

SOURCE - THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။