သင်္ကြန်ရောက်တော့မှာမို့ သင်္ကြန်ဘာလုပ်မလဲဆိုတဲ့ Plan တွေချနေကြပါပြီ ။

အနုပညာရှင်တွေလဲ ဘယ်မှာဘာလုပ်မလဲဆိုတာတွေ စီစဉ်နေကြပြီပေါ့ ...

ဂရေဟမ်ရဲ့ သမီးလေး ပန်းရောင်ခြယ်ကတော့ သင်္ကြန်ကိုလည်ပတ်ရတာတွေ

ွမဏ္ဍပ်ထိုင်ရတာတွေထက်မိသားစုနဲ့အတူဖြတ်သန်းရတာပိုသဘောကြကြောင်းပြောပါတယ်။

'' ညီမဒီနှစ်သ့င်္ကြန်ကိုရန်ကုန်မှာပဲအဖေနဲ့ အတူတူသီချင်းဆိုဖြစ်မှာပါ။ညီမအရင်ကလည်း သင်္ကြန်လည်တာမရှိဘူး။အဖေ သီချင်းဆိုတဲ့ အနောက်ကိုပဲ မိသားစုနဲ့ အတူတူလိုက်ဖြစ်တယ်။မိသားစုနဲ့ပဲ အပြင်ထွက်ဖြစ် တော့တစ်ယောက်တည်းဆိုသိပ်မထွက်ချင်ဘူး။တစ် ယောက်တည်းထွက်ပြီးလည်ရတာမျိုးကိုသဘောမကြလို့ မိသားစုနဲ့ပဲသွားဖြစ်တယ်။မိဘတွေနဲ့ပဲ အတူတူနေရတာ သဘောကြတယ်။မိဘတွေမရှိတော့ မှာလည်း တွေးကြောက်မိတယ်။အများအားဖြင့်လည်း သင်္ကြန်ကို မိသားစုနဲ့ပဲဖြတ််သန်းဖြစ်ပါတယ်'' လို့အဆို တော်ပန်းရောင်ခြယ်ကပြောပါတယ်။

Source : akonethi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။