ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာတော့ ဂါဇာကမ်းမြောင်ဒေသ နဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ၊ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေဟာ ရပ်စဲသွားခဲ့ပါတယ်။

၎င်းတိုက်ခိုက်မှုတွေဟာ ၃ ရက်ဆက်တိုက်လောက် ကြာမြင့်ပြီး မေလ ၅ ရက်နေ့မှာ အရှိန်အပြင်းဆုံး အခြေအနေကို ရောက်ရှိခဲ့ပေမယ့် နောက်တရက်အကြာမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်။

သို့ပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အပြစ်အခတ်ရပ်စဲပြီး နာရီပိုင်းအကြာမှာ ပြောကြားချက်တချို့ ထုတ်ပြန်ခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ အပြစ်အခတ်တွေ ရပ်စဲခဲ့ပေမယ့် နှစ်နိုင်ငံကြားက ပဋိပက္ခတွေကတော့ အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အစ္စရေးနဲ့ ဂါဇာစစ်သွေးကြတွေနဲ့ကြားက ဆက်ဆံရေးဟာ အပတ်အခတ်ရပ်စဲထားပေမယ့် အနည်းငယ်တင်းမာတဲ့ အခြေအနေမှာ ရှိနေသေးတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း နှစ်ဖက်လုံး လူအသေအပျောက်တွေ များခဲ့တယ်ဆိုလို့လည်း သိရပါတယ်။  

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။