ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ကေတုမာလာ(၄)လမ်း၌ မေလ ၇ ရက်နေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် မီးလောင်ကြောင်းသိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်း၊ စခန်းမှူး ဒုရဲမှူးရွှေဌေး၊ တာဝန်မှူး ဒု၊ရဲအုပ်စိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းပါ သန္ဓေတပ်ဖွဲ့ဝင် ၁၄၉ ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် ၅၁ ဦးနှင့် မီးငြိမ်းသတ်ယာဉ် ၁၆ စီး၊ အထောက်အကူပြုယာဉ် ခုနှစ်စီး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မြတ်ထွဋ်တို့မှ သွားရောက်မီးငြိမ်းသတ်ခဲ့ကြကြောင်း သိရပါတယ်။  

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကေတုမာလာ(၄)လမ်း၊ အိမ်အမှတ်(မ/၈၅) အိမ်ရှင်ကိုမျိုးဝင်း(၄၂)နှစ်၊(ဘ)ဦးသာဇံ၏နေအိမ်မှာ(၃၀ပေ×၂၀ပေ)ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုးလုံးချင်း တစ်ထပ်နေအိမ်ရှိ ရေခဲသေတ္တာ Two Door (အမျိုးအစားမမှတ်မိ)မှ Safe Guard အပူလွန်ကဲရာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်ကျွမ်းရာမှ ၎င်းနေအိမ်(၃၀ပေ×၂၀ပေ) ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုးလုံးချင်းတစ်ထပ်နေအိမ်တစ်လုံး၊ ရေခဲသေတ္တာ Two Door (အမျိုးအစားမမှတ်မိ) (၁)လုံး၊ အခန်းအတွင်းရှိအသုံးအဆောင်ပရိဘောဂပစ္စည်းများ၊ အဝတ်အထည်များ မီးလောင်ကျွမ်းကုန်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မီးလောင်မှုကတော့ မနေ့ကည၆နာရီ ၁၅ မိနစ်မှစတင်ခဲ့ပြီး မီးလောင်မှုပြီးဆုံးချိန်မှာ ၆ နာရီခွဲဖြစ်ကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးမှာ ကျပ်ငါးသိန်းခန့်ရှိခဲ့ပြီး လူ့အသက် အန္တရာယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါမီးအားပေါ့လျော့စွာသုံးစွဲခဲ့သည့် အိမ်ရှင်ဖြစ်သူ ကိုမျိုးဝင်းအား တောင်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၇၂၄/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် တရားစွဲဆိုထားကြောင်း သိရပါတယ်။

source - the mirro daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။