စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာကြက်မွေးမြူရေးဇုန်တွင် ဒီကနေ့(မေလ ၈ ရက်) နံနက် ၁၁ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် အစီး ၂၀ ဖြင့် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲကျော်ခန့်အထိ ငြိမ်းသတ်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအား သိရခြင်းမရှိသေးပဲ ကြက်ခြံအတွင်း မွေးမြူထားသည့် ကြက်ကောင်အချို့ မီးလောင်မှုကြောင့် သေဆုံးလျက်ရှိကြောင်း သိရပါတယ်။  

ယင်းကြက်မွေးမြူရေးဇုန် မီးလောင်မှုသည် ကြက်ခြံ တစ်ခြံနှင့်တစ်ခြံ မီးကူးစက် လောင်းကျွမ်းမှု ဖြစ်ပေါ်လျက်ရှိပြီး အခြားနေရာများကိုလည်း မီးကူးစက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ အဆိုပါ ကြက်ခြံမီးလောင်မှု၏ မီးခိုးအငွေ့များကြောင့် လူအချို့ မုံရွာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း ၊ မီးလောင်မှုကို ပြည်သူများ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် အများအပြားနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်း ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။  

မကြာသေးမီအချိန်က အဆိုကြက်မွေးမြူရေးခြံမီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ပြီး လောင်ကျွမ်းချိန် တစ်နာရီ နီးပါးမှာ ကြက်ခြံ ၁၅ ခြံကျော်နှင့်အတူ အကောင်ရေများစွာဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ မုံရွာကြက်မွေးမြူရေးခြံမီးလောင်မှုအပြီး ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Ar Kar Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။