Jewel Princess Myanmar 2015 ရဲ့ First Runner Up ဆု ရှင် ခင်မေခကတော့ အတော်လေးစိတ်ညစ်နေပါတယ်…

သူ့စိတ်ညစ်ရတဲ့အကြောင်းကတော့ ခင်မေခ ပုံတွေကို ခွင့်ပြုချက်မရှိဘဲအသုံးပြုပြီ ဖေ့ဘွတ်အကောင့်တုဖွင့်ထားသလို စတေးတပ်များကိုပါတင်နေလို့ စိတ်ညစ်နေရတာပါ။ 

ခင်မေခက “ကျေးဇူးပြုပြီး report ထုပေးကြပါ

မေခပုံတွေအကုန်ယူသုးံနေပါတယ် ...

သူသုးံနေတာကြာလှပြီး ဒီအကောင့်နဲ့ပတ်သတ်တဲ့

အရှုပ်အရှင်းများ မေခနဲ့လုံးဝလုံးဝသက်ဆိုင်ခြင်းမရှိပါ

ပြသာနာအရှည်မဖြစ်ချင်သော်ကြောင့်

ဒီအကောင့်ကိုတပတ်အတွင်းဖျက်ပေးဖို့တောင်းဆိုပါတယ်

မဖျက်ပါကဆွယ်သွယ်ရေးဥပဒေအရတရားစွဲဆိုမှာဖြစ်ပါကြောင်းအသိပေးပါတယ်

Screenshot များလည်းအကုန်ယူပြီးဖြစ်ကြောင်းသိစေအပ်ပါတယ်

Tag လုပ်ပြီးအကူအညီတောင်းလိုက်ပါတယ်

ကျေးဇူးတင်ပါတယ် ” လို့ရေးထားပါတယ်။

၂၀၁၅ခုနှစ် စက်တင်ဘာ (၆)ရက်၊(၇)ရက်နေ့ စင်္ကာပူနိုင်ငံမှာ

ကျင်းပခဲ့တဲ့ Miss Jewel Princess 2015ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ပထမဦးဆုံး နိုင်ငံကိုယ်စားပြု

အဖြစ် ခင်မေခ ကသွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။

Source: ခင်မေခ ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။