တရုတ်နိုင်ငံအတွင်းမှာဆိုရင်တော့ တိရိစ္ဆာန်လေးတွေရဲ့အသားကို ချက်ပြုတ်ပြီးစားသောက်တာထက် အရှင်လတ်လတ်စားသောက်ရတာကို ပိုမိုကြိုက်နှစ်သက်ကြသူတွေရှိနေတာတွေ့ရပါတယ်။

သူတို့တွေကတော့ အရှင်လတ်လတ်စားမှ ပိုမိုလတ်ဆတ်တယ်လို့ ခံယူထားကြသူတွေဖြစ်ပြီး စားသောက်ဆိုင်တော်တော်များများမှာလည်း အရှင်တွေကိုသာ ရောင်းချပြီး customer စိတ်ကြိုက် စားသုံးစေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း Streamer အမျိုးသမီးလေးတစ်ဦးဟာ ရေဘဝဲတစ်ကောင်ကို အရှင်လတ်လတ်စားသုံးပြဖို့ ကြိုးစားနေစဉ် ရေဘဝဲရဲ့တိုက်ခိုက်တာကို ခံလိုက်ရတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဗီဒီယိုတစ်ခုထဲမှာဆိုရင်လည်း ၎င်းအမျိုးသမီးဟာ ရေဘဝဲရဲ့ လက်တံတွေနဲ့ သူမရဲ့မျက်နှာကို ဆုပ်ထားတာခံထားရတဲ့အတွက် အော်ဟစ်ငိုကျွေးနေပြီး သူမရဲ့မျက်နှာပေါ်က ရေဘဝဲကို အတင်းဆွဲဖြုတ်နေတာတွေ့ရပါတယ်။

သူအနေနဲ့လည်း ဘယ်လောက်နာကျင် ထိတ်လန့်နေသလဲဆိုတာဟာ ဗီဒီယိုထဲမှာတွေ့ရတဲ့ သူမရဲ့ပုံရိပ်တွေကို ကြည့်လိုက်မယ်ဆိုရင် သိနိုင်ပါတယ်။

ဒီဗီဒီယို မြင်တွေ့ပြီးတဲ့ တချို့သောသူတွေဟာဆိုရင်လည်း ရေဘဝဲကို အရှင်လတ်လတ်စားဖို့ ကြိုးစားတဲ့သူ အခုလိုပြန်ခံရတာ နည်းတောင်နည်းသေးတယ်ဆိုပြီး ပြောကြားနေကြတာတွေ့ရပါတယ်။

ဒါ့အပြင် ယခုဘဝမှာ ဒီလောက်ခံရတာကဘာမှမပြောပလောက်သလို နောက်ဘဝကြရင် သူမပြန်ခံစားရမယ့် ဝေဒနာတွေအတွက် တွေးပြီးရင်လေးမိတယ်လို့ ပြောကြားနေကြတာကိုလည်း တွေ့ရပါတယ်။  

SOURCE - DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။