(လူတွေစိတ်ဒာတ်တွေပျက်ကုန်ပြီ..Share ပေးခြင်းဖြင့်အများသိပါစေ)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...

မြန်မာကျပ်ငွေ သိန်းပေါင်း(၆၀)ခန့် အလိမ်ခံလိုက်ရတဲ့ ဖြစ်ရပ်မှန်ပါ။

ကျွန်တော် စိတ်မကောင်းခြင်းများစွာဖြင့် ဖြစ်ရပ်အမှန်လေးကို ရေးသားဖော်ပြချင်ပါတယ်။

ဧပရယ် လ (၄)ရက်နေ့ နံနက်( ၁:၅၂) မီးနစ်အချိန်က မြန်မာပြည်က အန်တီတစ်ယောက် ကျွန်တော် ဘဝခါးခါးဆီကို Chat Boxမှတဆင့် ပုံနှင်တကွ စာပို့၍ မေးမြန်းပါတယ်။

အန်တီ ရေးပို့တာက... ခါးခါးရေတဲ့ ဒီ ပါဆယ်ဖြတ်ပိုင်းက အတုလား အစစ်လားတဲ့...

ဒါနဲ့ ကျွန်တော် သေချာကြည့်လိုက်တယ်...

ဟိုဘက်က ပေးပို့သူအမည်က.(Anna Nguyen )

ဟိုဘက်က လိပ်စာက(London,UnitedKingdom)

လေကြောင်းလိုင်းအမည်က(Cargolux Airlines International Delivery Service)

ပါဆယ်ထုပ်နံပါတ်က(Packing Tracking Numbers HTY78UJ)

ဒီဘက် လက်ခံမည့်သူ နာမည်နဲ့လိပ်စာက ကျွန်တော့်ဆီကို စာပို့တဲ့ အန်တီရဲ့လိပ်စာအပြည့်အစုံနဲ့ဆိုတော့ အားလုံးက မှန်ကန်နေတယ်။

ပြီးတော့ စာတိုက်ကနေ ပို့တာမဟုတ်ဘူးလေ...လေကြောင်းလိုင်းနဲ့ပို့တာဆိုတော့ ကျွန်တော်လည်း အစစ်လို့ ပြောလိုက်တယ်။

ဒါနဲ့ နောက်နေ့ကျတော့ တခါပြန်လာမေးတယ်...ခါးခါးရေတဲ့ ပါဆယ်က ရောက်ရင် လေဆိပ်မှာ သွားထုတ်ရတာလားတဲ့...

ဒါနဲ့ ကျွန်တော်ကလည်း အန်တီရေလို့ အချို့က လိပ်စာနဲ့အိမ်အရောက်ပို့ပေးသလို လေဆိပ်မှာလည်း မိမိကိုယ်တိုင် သွားထုတ်ယူကြရတယ်လို့ ဖြေလိုက်တယ်...

ဒီလိုပဲ အန်တီက နောက်နေ့ တခါလာမေးပြန်ရော..ခါးခါးရေတဲ့ ပါဆယ်ထုပ်ကို အထဲမှာ ဘာပါလဲဆိုတာ ထုတ်မကြည့်ပဲ သိနိုင်သလားတဲ့...

ဒါနဲ့ ကျွန်တော်က ပြန်ဖြေလိုက်တယ်..လေဆိပ်မှာ Scanning လုပ်ကြည့်ကြမယ်ဆိုရင် သိနိုင်ပါတယ် အန်တီရယ်လို့ ပြန်ဖြေလိုက်တယ်။

ဒီလိုနဲ့ အန်တီက ထပ်ပြောပြန်ရော..သားရေတဲ့ ပါဆယ်ထုပ်က လေဆိပ်ရောက်နေပြီ ဒါပေမဲ့ ထုတ်လို့မရဘူးဖြစ်နေတယ်..ရစ်နေကြတယ် အထုတ်ထဲမှာ ဒေါ်လာငွေတွေပါလာလို့ Custom က လူတွေက သူတို့ကို ဒေါ်လာ(၁၀၀၀)ပေးရမယ်ပြောလို့ ဒါနဲ့ မြန်မာငွေ (၁၄)သိန်း( ၃)သောင်း လွှဲပေးလိုက်တယ်..ဒါနဲ့ နောက်ထပ် ဒေါ်လာ(၃၀၀၀)ထပ်တောင်းလို့ အန်တီလည်း CB Bankကနေတဆင့် သူတို့ပေးထားတဲ့ Bank Account ထဲကို နောက်ထပ် ဒေါ်လာ သုံးထောင်နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ (၄၂)သိန်း(၉)သောင်း လွှဲပေးလိုက်တယ်တဲ့.. 

ဒီလိုပဲ သူတို့တောင်းသလောက် ပေးနေပေမဲ့ အန်တီရဲ့အထုပ်က ရောက်မလာဘူး သားရေတဲ့..

ကိုယ်ကလည်း... ဟင်....အန်တီရယ်...ဒေါ်လာငွေတွေ အထုပ်ထဲပါလာတာကတော့ ကိုယ့်အမှားပါလို့..ဒါပေမဲ့ ဒီလောက် ပေးနေတာတောင် ရောက်မလာဘူးဆိုတော့ အန်တီကိုယ်တိုင် ရန်ကုန်လေဆိပ်ကို သွားပြီး ထုတ်ပါ...မရဘူးဆိုရင် ရဲကိုတိုင်ပါလို့ပြောလိုက်တယ်...ဒီအန်တီက မန္တလေးမှာနေပါတယ်။ရန်ကုန်ကမဟုတ်ပါ။

ဒါနဲ့သူက အန်တီတော့ အလိမ်ခံရပြီ ထင်တယ်တဲ့...

ဟာ...အန်တီကလည်း မဖြစ်နိုင်တာဗျာလို့...

ဒါနဲ့ ကျွန်တော်က မေးကြည့်တယ်..အန်တီရေ ဒီပါဆယ်က လန်ဒန်ကနေပြီးပေးပို့တာဆိုတော့ သားသမီးတွေက ပို့လိုက်တာလား..ဆွေမျိုးတွေက ပို့လိုက်တာလားလို့ ကျွန်တော်မေးလိုက်တော့...

မဟုတ်ဘူး ခါးခါးရေ...Onlineပေါ်မှာ လူတစ်ယောက်နဲ့သိပြီး အဲ့လူက ပို့ပေးလိုက်တာတဲ့...

ဟာ....ကိုယ်တောင် မျက်လုံးပြူးသွားတယ်..ဘုရား.ဘုရား..

အန်တီရယ် အစောကြီးကတည်းက ကျွန်တော့်ကို ပွင့်လင်းစွာ ပြောပြပါလား ဗျာ...

ဒါသေချာပြီ...အန်တီအလိမ်ခံလိုက်ရတာ..

ကျွန်တော်ထင်ထားတာက လန်ဒန်ကနေပြီး ဆွေမျိုးတွေက မြန်မာပြည်ကို ပါဆယ်ပို့ပေးလိုက်တယ်။ဒီပါဆယ်ထုတ်ထဲမှာ ဒေါ်လာအနည်းငယ်ပါလာလို့ Custom ဋ္ဌာနက ရစ်နေတာလို့ ထင်ထားတာ..

လက်စသပ်တော့...onlineပေါ်က လူလိမ်တွေနဲ့ သွားတွေ့တာကိုး....

ပြီးတော့ ဟိုဘက်က ပေးပို့လိုက်တဲ့ငွေပမာဏက သိပ်မများပါဘူး (၄.၇)မီလီယံ ဒေါ်လာ....

အန်တီရယ်..ဒီလောက်ငွေအများကြီးကို တကယ်ဆိုရင် Bank to Bank ဘဏ်အချင်းချင်း Banking System ဘဏ်စနစ်နဲ့ပေးပို့ကြရမှာလို့ပြောလိုက်တော့..သူတို့က အဲလိုပို့ပေးလို့မရဘူးပြောတယ်တဲ့...

သွားပါပြီ အန်တီရယ်..အခု စုစုပေါင်း ဘယ်လောက် ကုန်သွားပြီလဲလို့မေးကြည့်တော့ သားရေတဲ့ သိန်းပေါင်း(၆၀)နီးပါး ကုန်သွားပြီတဲ့ဗျာ..

ဘုရား..ဘုရား...

ဒါနဲ့သူက ဘာဆက်လုပ်သင့်သလဲလို့ ထပ်မေးတယ်...

CB bankက ငွေလွှဲဖြတ်ပိုင်းရယ်...ဟိုဘက် ထုတ်ယူ သွားတဲ့ လူရဲ့အမည်နဲ့ ဘဏ်အကောင့်နံပါတ်ရယ်ကို သေချာသိမ်းထားပြီး CB bankကိုအရင်သွားပါ...အန်တီ လွှဲပေးလိုက်တဲ့ ဘဏ်အကောင့်နံပါတ်ကို ဘဏ်ဝန်ထမ်းတွေကိုပြောပြ...ပြီးရင် ဒီဘဏ်အကောင့်ကို စစ်ကြည့်လိုက်တာနဲ့ ဒီဘဏ်အကောင့်ပိုင်ရှင်ရဲ့ အချက်အလက်တွေအကုန် သိရှိနိုင်ပါတယ်။

ဒီလို သိရှိပြီဆိုတာနဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကိုသွားပြီး တိုင်ချက်ဖွင့်ပါလို့ ပြောလိုက်တယ်..

ဒါနဲ့ အန်တီက လွယ်ပါ့မလားသားရယ်...အခုခေတ်က အကုန်လိမ်နေကြတာတဲ့..

ဟုတ်တော့ဟုတ်တယ်...မှတ်ပုံတင်အတုနဲ့လည်း ဘဏ်ကဒ်က လုပ်လို့ရသလို ဘဏ်ဝန်ထမ်းအချို့ကလည်း ဒီလို လူတွေနဲ့ပေါင်းပြီး လုပ်စားတတ်တယ်လေ...

ကိုယ်လည်း ဘာပြန်ပြောရမှန်မသိတော့ဘူး..

အန်တီကတော့ ပြောပါတယ်...သားရယ်..ထားလိုက်ပါတော့...အမှု့လိုက်နေရင် ထပ်ကုန်နေဦးမယ်တဲ့..

ဟုတ်တော့လည်း ဟုတ်ပါတယ်...

အန်တီလို မဖြစ်ရအောင် ဒီအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါ...အန်တီအမည်တော့ ထည့်မရေးပါနဲ့တဲ့...ဟုတ်ကဲ့ပါ အန်တီလို့ ပြောလိုက်တယ်။

တကယ်ဆိုရင် ဒီ အန်တီကလည်း ကျွန်တော့်ကို ပါဆယ်ထုတ် ကိစ္စ ပွင့်လင်းစွာ မပြောပြ...

ကျွန်တော်ကလည်း ဒီကိစ္စကို ပုံမှန် ရိုးရိုးသားသားပဲ ဆွေမျိုးတွေက ပေးပို့လိုက်တယ်ထင်လို့ ထပ်မမေးလိုက်မိတာ... 

အပြီးသတ်တော့...online ပေါ်က လူလိမ်တွေနဲ့တွေ့ပြီး ယုံမှားမိလိုက်တာ အခုတော့ သိန်း(၆၀)နီးပါး အလိမ်ခံလိုက်ရပြီပေါ့...

ဒါနဲ့ အန်တီပြတဲ့ ပါဆယ်ထုတ်ကို ကျွန်တော် save ယူပြီး Internetထဲလိုက်ရှာကြည့်လိုက်တာ ဒီအထုတ်ဟာ ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေက ဟော်တယ်တစ်ခုက အထုတ်ဖြစ်နေတယ်။

ဒီလိုပဲ နိုင်ငံတကာမှာ အလိမ်ခံနေရသူ အတော်များများရှိပါတယ်...

ဒါ့ကြောင့် အခုဆိုရင် မြန်မာပြည်မှာ ဒီလို လိမ်လည်မှုမျိုးတွေ ရှိလာနေပါပြီ...

မိမိတို့အနေနဲ့ အစစအရာရာ ပါးနပ်မှုရှိဖို့..သတိရှိဖို့..လူပေါင်းမမှားဖို့..အလိမ်မခံရဖို့ အရေးကြီးလို့လာနေပါပြီ ခင်ဗျာ...

လူအများ ထပ်မံ၍ အလိမ်မခံရအောင် ကျေးဇူးပြုပြီး(Share)ပေးလိုက်ပါ ခင်ဗျာ...

ဒီ အန်တီနဲ့ဆက်သွယ်သူက နီနီဝင်း...ငွေထုတ်ယူသူက ကျော်မင်းဦးနဲ့အိအိမွန် ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...ကျွန်တော် ဘဝခါးခါးပါ။

ဘဝခါးခါး✏

Source: Win Min Phyo

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။