ပရိသတ်ကြီးလူလတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ တရုတ်နိုင်ငံက သူရဲကောင်းတစ်ဦးရဲ့ ဂုဏ်သတင်းဟာတစထက်တစ မွှေးပျံ့လို့နေပါတယ်။

၎င်းသူရဲကောင်းကတော့ တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် ဖူရှန်းမြို့မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကရိန်းမောင်းသမား လန်ချင်းဇန် ပဲဖြစ်ပါတယ်။

သူကတော့ မေလ၂ရက်နေ့ မနက်အစောပိုင်းကဖြစ်ပေါ်ခဲ့တဲ့ ၇ ထပ်အမြင့်ရှိ လူနေအဆောက်အဦးတစ်ခု မီးလောင်မှုဖြစ်စဉ်မှာ ပိတ်မိနေသူ အများအပြားကို ကယ်တင်ခဲ့တာကြောင့် လူအများရဲ့ချီးမွမ်းထောပနာမှုတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

လောင်ကျွမ်းခဲ့တဲ့ မီးဟာဆိုရင်လည်း မနက်အစောပိုင်းဖြစ်သလို ဈေးဆိုင်ကနေ မီးစလောင်တာဆိုတော့ အခြားသောအထပ်တွေကို လျှင်မြန်စွာမီးကူးခဲ့တာကြောင့် လူပေါင်းများစွာဟာ ပြတင်းပေါက်ကနေ အော်ဟစ်အကူအညီတောင်းခဲ့ကြပါတယ်။

အဲ့အချိန်မှာ ကရိမ်းမောင်းသမား လန်ချင်းဇန်ဟာ နှောင့်နှေးမနေဘဲ သူ့ရဲ့ကရိန်းကို ၎င်းအဆောက်အဦးကပြတင်းပေါက်နားကို ရွေ့ကာ ပိတ်မိနေသူ စုစုပေါင်း ၁၄ ယောက်ကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

၎င်း၁၄ ယောက်လုံးဟာဆိုရင်လည်း လန်ချင်းဇန်သာအချိန်မှီမကယ်တင်နိုင်ခဲ့ရင် အသက်အန္တရယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာကြောင့် သူတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့လန်ချင်းဇန်ကို အရမ်းကျေးဇူးတင်နေကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံတဝှမ်းလုံးက လူတော်တော်များများကလည်း လန်ချင်းဇန်ရဲ့လုပ်ရပ်ကို ဝိုင်းဝန်းချီးမွမ်းထောပနာ ပြုနေကြတာတွေ့ရပါတယ်။ 

SOURCE - CCTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။