ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကတော့ လက်ရှိအချိန်မှာ တိရစ္ဆာန်နဲ့ သစ်ပင်မျိုးစိတ် တသန်းလောက်ဟာ မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းမျိုးစိတ်တွေကတော့ လူသားတွေကြောင့်ဖြစ်လာတဲ့ မြေထု ရေထု နဲ့ လေထုတွေထဲက ထိခိုက်ပျက်စီးမှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့်တော့ တိရစ္ဆာန်နဲ့ သစ်ပင်မျိုးစိတ်တွေဟာ လူသားတွေရဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ကြိုးစားမှုတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ကမ္ဘာကြီးပေါ်က နေရာတော်တော်များများဟာ တိရစ္ဆာန်နဲ့ သစ်ပင်တွေဟာ အရင်တုန်းကမမြင်ဖူးခဲ့တဲ့ အရှိန်အဟုန်နဲ့ ထိခိုက်ပျက်စီးလာနေတယ်လို့ သိရပါတယ်။

ယခုလိုဖြစ်လာတာတွေကို ပြုပြင်းပြောင်းလဲဖို့အတွကဆိုရင်လည်း လူသားတွေနဲ့ သဘာဝကြားက အပြန်အလှန်ထိတွေ့မှုရှိနေတဲ့ အရာမှန်သမျှကို ပြောင်းလဲမှုတွေ လုပ်သွားသင့်တယ်လို့ ပြောကြားထားပါတယ်။

လက်ရှိအချိန်ဟာဆိုရင်လည်း တိရစ္ဆာန်နဲ့ သစ်ပင်မျိုးစိတ် တသန်းလောက် မျိုးတို့ပြောက်ကွယ်တော့မယ့် အရေးကြီးအချိန်ကိုရောက်နေတာကြောင့် ယနေ့မှစပြီး အရာရာပြုပြင်ပြောင်းလဲကြဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

SOURCE - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။